EPISODE 42

3.5K 185 12
                                    

Zawgyi

ယခင်အဖြစ်အပျက်များလို မနက်မိုးလင်းသည့်အခါ ချာတိတ်ပုံစံလို ပြန်ဖြစ်သွားလိမ့်မည်ဟု ကမ္ဘာစိုးမိုး ထင်ခဲ့မိသည်။

သို့သော် ပြောင်းလဲသွားသည့် ရတုလက်ာ၏ ပုံစံကြောင့် တုန်လှုပ်သွားရသည်။

မနက်စာစားရာ၌လည်း ကိုယ့်အား စကားစမပြော။

တစ်ခါတစ်လေ မနက်စာတောင် မစားနိုင်ဘဲ အပြင်ထွက်သွားသည့် နေ့များလည်းရှိသည်။

ညစာလည်း စားတစ်ရက် မစားတစ်ရက်။

အထူးသဖြင့် ညနေအလုပ်ပြန်တိုင်း စောင့်နေတတ်သည့် ဧည့်ခန်းနေရာတွင် အလုပ်ပြန်လာတိုင်း အလွတ်သာဖြစ်နေခဲ့သည်။

ညဘက်တွေလည်း အိမ်ပြန်နောက်ကျကာ ကိုယ့်စကားကို လုံးဝ နားမထောင်တော့ပေ။

အမြဲဖော်ရွေနေသည့်လူတစ်ယောက်က ရုတ်တရတ်ကြီး အေးတိအေးစက်သွားသည့်အခါ လူတိုင်း အနည်းနဲ့အများတော့ ခံစားရသည်ချည်းပင်။

အခုလည်း ည12နာရီကျော်နေပြီ။ပြန်မလာသေးပေ။

သူကတော့ ချာတိတ်အိမ်ပြန်နောက်ကျတိုင်း အလုပ်များကို ဧည့်ခန်းသို့ ယူကာ အလုပ်လုပ်ရင်း ထိုင်စောင့်စမြဲပင်။

ချာတိတ်တောင် နေနိုင်သေးတာပဲ ကိုယ်ကလည်း နေနိုင်ရမှာပေါ့။

ဒါမှ တစ်ချိန်ခွဲခွာရတဲ့အခါ သူတို့နှစ်ယောက်လုံး မနာကျင်ရမှာ...။

ကားသံကြားတာကြောင့် ထွက်ကြိုမိသည်။ချာတိတ် မူးနေပြန်ပြီလားမသိချေ။

အိမ်တံခါးဝ၌ မူးလာမည့် ချာတိတ်အား တွဲရန် စောင့်နေလိုက်သည်။

ခြံထဲဝင်လာသည့်ကားက ချာတိတ်ကားလည်း မဟုတ်သလို သူ့သူငယ်ချင်းတွေ ကားလည်းမဟုတ်။တစ်ယောက်ယောက် ကားလဲလိုက်သည်ဟု ကမ္ဘာစိုးမိုး တွေးလိုက်သည်။

ကိုယ့်ရှေ့၌ ကားလာရပ်ကာ ကားထဲက ထွက်လာသည့် ရတုလက်ာကြောင့် အံ့သြသွားရသည်။

"မနက်ဖြန်ရော လာမှာမလား"

ကားမှန်ချကာ ကားထဲမှ လှမ်းပြောသည့် လူကြောင့် ကမ္ဘာစိုးမိုး ဒေါသတို့ မနည်းထိန်းထားရသည်။

Char TateWhere stories live. Discover now