EPISODE 21

4.4K 252 6
                                    

Unicode

ယခု အိမ်ပြန်ခရီးက ကမ္ဘာစိုးမိုးအတွက် အနည်းငယ် စိတ်လှူပ်ရှားမှုကို ပေးသည်။

အရင်ကဆို အိမ်ပြန်လျှင် ကြိုနေမယ့်လူမရှိ တွေ့ရမယ့်လူ မရှိပေ။အခုတော့ ကိုယ့်ကို မျှော်နေမယ့်လူ ရှိနေတယ်ဆိုတဲ့ စိတ်က အနည်းငယ် ကြည်နူးမှူကို ဖြစ်စေသည်။

တိတ်တိတ်ဆိတ်ဆိတ်ဖြတ်သန်းလာခဲ့သည့် မိမိဘဝသည် ချာတိတ်တစ်ယောက် ရောက်ရှိလာမှပင် ဆူဆူညံညံ ဖြစ်လာခဲ့သည်။စိုပြေလာတယ်လို့ ခေါ်မလား မသိပေမယ့် တစ်ယောက်ထဲနေရတာထက်စာလျှင် အိမ်မှာတစ်ခြားတစ်ယောက်ထပ်ရှိတာက ခံစားချက်တို့ ပိုကောင်းလာစေသည်။

"အစ်ကိုလေး လိမ္မာသွားပြီလား Boss အခုတလော Boss အဆင်ပြေနေတယ်"

"ဘယ်ကသာ လိမ္မာရမှာလဲကွာ ဆိုးချက်က တကယ့်ကလေးလိုပဲ မင်းတို့လူငယ်တွေက အဲ့အတိုင်းပဲလား"

"ဒါပေမယ့် Boss ကျေနပ်နေပုံပဲလေ ဘယ်လိုလဲ ကျနော်ပြောတဲ့ နည်းလမ်းလေးတွေ အဆင်ပြေတယ်မလား Bossကို အစ်ကိုလေးက ချစ်နေပြီလား"

"အင်း မသေချာသေးပါဘူးကွာ"

"အစကတော့ Boss မယူမဖြစ်လို့ အစ်ကိုလေးကို လက်ထပ်လိုက်တယ်ထင်ခဲ့တာ ကျနော့်ဆီ Bossအဲ့အကြောင်းတွေ လာမေးတုန်းကဆို အရမ်းအံ့သြသွားတာ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထောင်ရေးဆိုတာ အချစ်ပါနေမှ ကောင်းတာဗျ Boss မနစ်နာပါဘူးဗျာ အစ်ကိုလေးက ချောတာပဲကိုး"

အလုပ်မှာ စကားအပိုပြောတာ မကြိုက်သည့် ကမ္ဘာစိုးမိုးအား သူ၏အတွင်းရေးမှူးမှ နားချိန်အတွင်း ဆက်တိုက်ကို ပြောနေတော့သည်။စကားများပေမယ့် အလုပ်ကို ကောင်းကောင်းလုပ်နိုင်တာမို့ ကမ္ဘာစိုးမိုးလက်အောက်တွင် မြဲနေခြင်းဖြစ်သည်။အဘွား၏လူဖြစ်တာကြောင့် ဖြုတ်လို့ကလည်း မရပေ။

"ငါ့မျက်စိထဲတော့ ချောတယ် မထင်ပါဘူးကွာ နည်းနည်းချစ်ဖို့ကောင်းရုံပါပဲ"

"အစ်ကိုလေးက ယောက်ျားဆန်ပြီး ကြည့်ကောင်းတာပါ Bossရဲ့ ဪ ချစ်တဲ့မျက်စိနဲ့ ကြည့်တဲ့လူတွေကတော့ ချစ်ဖို့ကောင်းနေမှာပေါ့ဗျာ"

Char TateWhere stories live. Discover now