EPISODE 18

4.3K 250 7
                                    

Unicode

အိပ်ရာနိုးနိုးချင်း ဖုန်းကိုအရင်ကြည့်တတ်တဲ့အကျင့်ကြောင့် ကြည့်မိတော့ Notiတစ်ခုတက်လာသည်။

၎င်းမှာ 2 months Anniversary တဲ့။

ကိုယ့်ကတော့ မေ့မှာစိုးလို့ ဖုန်းထဲ သေချာမှတ်ထားပေမယ့် ထိုလူကတော့ မှတ်မိနိုင်မယ်မထင်။

ကုမ္ပဏီအသစ်တစ်ခု ထပ်ဖွင့်ဖို့ဆိုလား အရင်ကထက်တောင် အိမ်ပြန်နောက်ကျသေးတယ်။

အုပ်စုဖွဲ့ စကားပြောခန်းကနေ မက်ဆေ့တစ်စောင်ရောက်လာလို့ ဝင်ကြည့်မိလိုက်သည်။

သောက်ချောကြီး ငါ : ဟိုကောင်ရေ မနက်ဖြန် မင်းမွေးနေ့နော် မေ့ချင်ယောင်ဆောင်ပြီး ကျော်မသွားနဲ့

မယကတို့ ဘုရင် : ငါတို့ကို ယုံတယ်မလား စားရမယ့်​နေ့ဆို မမေ့ဘူးနော်

တစ်ချက်ပြုံးလိုက်ကာ ရက်ကို ပြန်ကြည့်မိတော့ ဟုတ်သား ကိုယ်တောင် 22ပြည့်တော့မှာပဲ။

ရက်တွေ လတွေ မှတ်ရတာက ရတုလက်ာရဲ့ အခက်ခဲဆုံးအလုပ်ပဲ။ဒါကြောင့် နှစ်ပတ်လည်နေ့ကို ဖုန်းထဲမှတ်ထားတာ။ကိုယ့်မွေးနေ့တောင် ကိုယ်မေ့နေတတ်တဲ့လူမျိုး။

စော်လေးများရဲ့ အသည်းကျော် : မနက်ပိုင်းကျွေးမယ်ကွာ ညပိုင်းကျ တူတူ အချိန်ဖြုန်းစေချင်တဲ့လူ ရှိနေလို့😎

တွေ့ကရာနဲ့ ကောက်ပစ်တဲ့ Stickerတွေကို ထိုနှစ်ကောင်ဆီက တန်းစီရလိုက်ပေမယ့်လည်း ရတုလက်ာရုပ်ကြီးဖြီးလို့နေဆဲပင်။

~~~~~~~~~~ Char Tate ~~~~~~~~~~

ဖုန်းသုံးနေရင်း ခြံဝကို တမျှော်မျှော်ဖြင့် ကြည့်နေရသည်။

ဒီနေ့လည်း နောက်ကျပြန်ပြီနဲ့တူတယ်။

ညနေစာစားရင်း မနက်ဖြန်အားလားမေးမလို့ကို ဗိုက်ကတော်တော်ဆာနေပြီ ထိုလူက ရောက်မလာသေး။

စောင့်လက်စနဲ့ စောင့်လိုက်ပါမယ်လေ သူလည်း စားရဦးမှာ မဟုတ်ဘူး တစ်ယောက်ထဲ စားရရင် ပျင်းနေဦးမယ်။

ခဏနေတော့ ကားသံကြားတာမို့ အိမ်ဝကနေ လူးလဲထရ‌သေးသည်။

ထိုဘိုးတော်ကို ချစ်မိမှပဲ ဘဝကလည်း သခင်ကိုစောင့်ရတဲ့ ခွေးလိုလိုဖြစ်တော့သည်။

Char TateWhere stories live. Discover now