2

11.7K 1.5K 36
                                    

U••

[ကျွန်တော်ကဘယ်လောက်တန်လဲ?]

ဟယ့်ချန်းနင်အတွက်တော့ ယင်မိသားစုအတွင်းမှအမျိုးသမီးကြီးအပေါ် အမုန်းမှလွဲ၍အခြားခံစားချက်မျိုးမရှိပါချေ။

သူ့အမေ ယင်မိသားစုနှင့်လက်ထပ်ပြီးကတည်းက ဒီမိန်းမကြီးကသာ သူမအတွက် ပြသနာမျိုးစုံဖန်တီးခဲ့ခြင်းပင်။ ဆင်းရဲသည့်နောက်ခံရှိသော ဤအမျိုးသမီးကြီးအတွက် အဆင့်အတန်းမြင့်သည့်မိသားစုမှလာသည့် သူ့အမေကိုမြင်သည့်အခါတိုင်း သူမကိုယ္သူမ ချွေးမထက်နိမ့်ကျသည်ဟုခံစားခဲ့ရသည်။

ယင်ကျိနျန်နှင့်လက်ထပ်ပြီးသည့်နောက် ဟယ့်မင်လန်က သူူမ မိသားစုမွထြက္ကာ ဟယ့်မိသားစုနှင့်ဆက်ဆံရေးကို တရားဝင်ဖျက်သိမ်းခဲ့လေသည်။ သူမ၏မိသားစုနောက်ခံမရှိတော့သည်မို့ ဟယ့်မင်လန်ခမျာ ယင်မိသားစုတွင်အခက်အခဲမျိုးစုံစတင်ကြုံတွေ့ရတော့၏။ ယင်ကျိနျန်သည်ကား သားသမီးဝတ္တရားကျေပွန်၍ အလွန်နာခံတတ်သည့်သားတစ်ယောက်ပင်။ အဘွားကြီးဘာပြောပြော ၎င်းပြောသည်ကသာအမှန်။ သူ့ဇနီးကို သူ့အမေကအနိုင်ကျင့်နှိပ်စက်နေသည်ကိုသိသော်လည်း မျက်စိစုံမှိတ်၍ ဇနီးသည်ကိုပို၍သည်းခံဖို့သာဖြောင်းဖြခဲ့လေသည်။

အဘွားကြီးက ချွေးမဖြစ်သူ၏ဖြူစင်၍ရည်မွန်သောအပြုအမူများအား တစ်စက်မှသဘောမကျခဲ့ပေ။ သူမကသာမကောင်းသည့်သူဖြစ်စေရန် ၎င်းကရည်ရွယ်ချက်ရှိရှိပြုမူနေသည့်အတိုင်းပါပင်။ ထို့ကြောင့်လည်း အဘွားကြီးကသူမအပေါ် သဘောထားအစစ်အမှန်များစတင်ချပြလာ၍ သူမကိုပို၍ခက်ခဲအောင်လုပ်တော့သည်။ ဟယ့်မင်လန်ဘာပဲလုပ်လုပ် သူမကအပြစ်ကိုရှာသည်။ အမှန်ကိုအမှားဖြစ်အောင်လုပ်၍ အသေးငယ်ဆုံးသောပြသနာလေးကိုပင် တစ်ချိန်လုံးမှတ်ထားကာပြန်ပြန်အပြစ်တင်တတ်၏။ ပိုဆိုးသည်က လက်ထပ်ပြီးနှစ်ပေါင်းများစွာကြာသည်အထိတောင် ကလေးတစ်ယောက်မှမမွေးနိုင်ခဲ့ခြင်းပင်။

၎က ဟယ့်မင်လန်အပေါ် အဘွားကြီးပို၍အနိုင်ကျင့်နိုင်စေရန် အကြောင်းပြချက်ဖြစ်လာတော့သည်။

သူမသားအပြင်တွင်ထားသည့် မယားငယ်ကလည်း သူမ၏စနက်ကြောင့်ပါပင်။ လက်မထပ်ရသေးခင် မွေးထားသည့်ကလေးများကလည်း အဘွားကြီး၏အကူအညီဖြင့်ကောင်းစွာဖုံးကွယ်ထားနိုင်ခဲ့၏။ ထို့ကြောင့်လည်း ဟယ့်ချန်းနင် ၂ နှစ်အရွယ်၌ မယားငယ်ကအိမ်တံခါးကိုလာခေါက်ခဲ့ခြင်းပင်။ ထိုအချိန်၌ဟယ့်မင်လန်သိလိုက်ရသည်က ချုန်းမင်နှင့်သူမယောက်ျား၏ပထမဆုံးကလေးကပင် ၈ နှစ်ရှိနေခဲ့ပြီဖြစ်သည်။ ဒုတိယကေလးက ၅ နှစ်နှင့် တတိယကေလးကမူ သူမ၏ဝမ်းဗိုက်ထဲ၌သနေ္ဓတည်လျက်။

သူမ၏ယောက္ခမပေးခဲ့သည့် မြောက်မြားစွာသောအခက်ခဲများနှင့် သူမယောက်ျား၏သစ္စာမဲ့မှု။ ၎င်းတို့က ဟယ့်မင်လန်၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်အလုံးစုံကိုအဆုံးစွန်ထိတွန်းပို့ခဲ့ကာ သူမထပ်မံ၍တောင်မခံနိုင်တော့သည်အထိပင်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now