19.1

8.2K 1.2K 43
                                    

U••

[ယင်ယောက်:သတ္တိမှဖြစ်ပွားလာသော နတ်ဆိုးကောင်]

ယင်ဟောက်ကအခန်းထဲပြန်လာပြီးသည့်နောက် ဖန်ခွက်အားလုံးကိုတွန်းချရိုက်ခွဲလိုက်မိတော့သည်။ သို့ဆိုလျှင်တောင် ၎င်းကသူ့ဒေါသကိုမပြေငြိမ်းနိုင်စေပါချေ။ ပြတင်းပေါက်အပြင်ဘက်မှမြင်ကွင်းကို စူးရှခက်ထန်စွာစိုက်ကြည့်ရင်း သူ့အတွေးများကပေါ်ပေါက်လာလျက်။ သူဘယ်လိုပဲကြည့်ကြည့် ဒေါသကိုမျိုချဖို့ရာမတတ်နိုင်ပါချေ။ အကယ်၍အစောကတည်းကသာ ဟယ့်ချန်းနင်မရှိခဲ့ပါက အရာအားလုံး ဒီနေ့လောက်ဆိုးရွားသည့်အခြေအနေရောက်လာခဲ့မည်မဟုတ်ပေ။ အားလုံးကဟယ့်ချန်းနင်၏အမှားသာဖြစ်သည်။

အကယ်၍သူသာ လိမ်လိမ်မာမာနှင့် ရှန်မိသားစုကိုလက်ထပ်ဖို့လက်ခံခဲ့မည်ဆိုပါက ယင်မိသားစုကအောင်နိုင်သူဖြစ်ရမည်ပင်။ ထိုသို့သာဆိုပါက ယင်ဟောက်သည်လည်း ယောက်ျားတစ်ယောက်ကို အမျိုးသားဇနီးသည်အဖြစ်လက်ထပ်ထားရသည့် အဖေတူမအေကွဲညီတစ်ယောက်ရထားသည်ကို ထူးထူးခြားခြားစိတ်ရှိမည်မဟုတ်။ သို့သော်လည်း ယခုတွင်မူ ဟယ့်ချန်းနင်က၎င်းကိုအလွန်အမင်းဂုဏ်ယူနေကာ ယင်မိသားစုဆီမှဝေစုတောင်းရုံသာမက ယင်မိသားစု၏ငွေကိုလှည့်ဖျားဖို့ ရှန်မိသားစုနှင့်ကြံရာပါပင်လုပ်လိုက်သေး၏။

အကယ်၍ရှန်ယွီရှန်းကသာ ယင်အဖွဲ့အစည်းက အစီရင်ခံစာကို တရားမဝင်လိမ်လည်လှည့်ဖျားခဲ့ကြောင်းသိသွားပါက၊ ဟယ့်ချန်းနင်ကဲ့သို့မျိုးမစစ်လေးကြောင့် ကိစ္စများကိုရှည်ရှည်ဝေးဝေးမဖြစ်စေချင်ဟုဆိုလျှင်တောင် ရှန်ယွီရှန်းကယင်အဖွဲ့အစည်းကိုလက်စားမချေဘူးဟု အာမခံချက်မရှိချေ။ စီးပွားရေးနယ်ပယ်အတွင်း ရှန်အဖွဲ့အစည်း၏ အခြေအနေနှင့် ရှန်ယွီရှန်း၏လုပ်ပုံကိုင်ပုံတွေက ယင်မိသားစုဖြစ်ဖြစ်၊ ယင်အဖွဲ့အစည်းဖြစ်ဖြစ် ကိုင်တွယ်နိုင်သည့်ကိစ္စရပ်မျိုးမဟုတ်။ အချိန်ကျလာလျှင်တော့ ယင်မိသားစုက ကျရံှုးခြင်းနှင့်အဆုံးသတ်ကာ အကြံပေးသည့် မျိုးမစစ်ကောင်လေးကတော့အကျိုးအမြတ်ရသွားလိမ့်မည်ပင်။

မဟုတ်သေး... ဤအဖြစ်အပျက်မှ ထိုကောင်စုတ်လေးမည်သည့်အကျိုးအမြတ်ကိုမှရသွားဖို့သူခွင့်မပြုနိုင်ချေ။ ဟယ့်ချန်းနင်ကိုထိန်းချုပ်နိုင်ဖို့ နည်းလမ်းတစ်ခုကို သူရှာမှဖြစ်မည်။ မဟုတ်လျှင်လည်း ဟယ့်ချန်းနင်ကိုအသုံးချကာ ယင်မိသားစုအကျိုးအမြတ်ရစေဖို့ သူ့အမိန့်များကိုနာခံစေမည့် အချက်အလက်အချို့ဆိုလည်းဖြစ်သည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now