28

8.4K 1K 17
                                    

U••

[ဒါကပုန်ကန်တာလား?]

သူပြန်နိုးလာသည့်အခါတွင်မူ ညနေခင်း၏နေရောင်ခြည်က လိုက်ကာကိုဖြတ်သန်းလာ၍ အခန်းကိုနွေးထွေးမှုပေးနေချေပြီ။ ရွှေရောင် ရောင်ခြည်လေးက အိပ်ယာပေါ်မှစုံတွဲအပေါ်ဖြာကျလျက်။ ယွီရှန်း၏နှာတံချွန်ချွန်လေးတစ်လျှောက် ချန်းနင်လက်ချောင်းဖြင့်ပွတ်ဆွဲသွားမိသည်။ သူကမျက်တောင်လေးများကိုထိလိုက်ရင်း မျက်လုံးလေးမှိတ်သည်အထိပြုံးလေ၏။

နွေးထွေးသောအသက်ရှုသံတစ်ခုက ချန်းနင်၏မျက်နှာပေါ်သို့ဖြတ်သန်းလာတော့သည်။

"မင်းခင်ပွန်းရဲ့ကြည့်ကောင်းမှုကနေ ရုန်းမထွက်နိုင်သေးဘူးပေါ့လေ?"

ယွီရှန်းကမျက်လုံးဖွင့်လိုက်သည်နှင့် သူ၏လက်ဆော့တတ်သောချစ်သူလေးကိုမိသွားကာ တယုတယစိုက်ကြည့်ရင်းဆိုလာသည်။

အိပ်ချင်ပြေသွားသောချန်းနင်က ယွီချန်းကိုမျက်စောင်းတစ်ချက်ဖြင့်တုန့်ပြန်လေ၏။

"ခင်ဗျား နိုးနေရဲ့သားနဲ့ ဘာလို့အိပ်ချင်ယောင်ဆောင်နေတာလဲ?"

"ချန်းနင်က သူ့ခင်ပွန်းအရမ်းကြည့်ကောင်းတာကိုသိသွားပြီး ဘေးမှာအမြဲနေဖို့ဆုံးဖြတ်လိုက်တော့မလားလို့ ကိုယ်ကသိချင်ရုံပါ"

လူငယ်လေးကသူ့ခင်ပွန်း၏နဖူးကို လက်ဖြင့်အသာတွန်းထိုးလိုက်လေသည်။

"လိပ်ကြီး...။ ထတော့ ကျွန်တော်ဗိုက်ဆာနေပြီ"

နူးညံ့သောအနမ်းလေးတစ်ခုရပြီးသည့်အခါတွင်တော့ ယွီရှန်းကဇနီးလေးကိုဆေးကြောသန့်စင်ပေးဖို့ထသွားတော့သည်။ ထို့နောက် ချန်းနင်ကိုအောက်ထပ်အထိပွေ့ချီလာကာ ကူရှင်အပိုတစ်ခုပါရှိသည်ခုံပေါ်သို့ ဖြည်းညှင်းစွာတင်ပေးလေ၏။

ထိုအပြုအမူကြောင့် ချန်းနင်ရှက်လာရသည်။ သူငြင်းဆန်ဖို့လုပ်သော်ငြား ယွီရှန်းကသူ့စကားနားမထောင်ပဲ လုပ်ချင်တာသာလုပ်နေလေ၏။ ချန်းနင်ခန္ဓာကိုယ်က ဒီလောက်မသက်မသာဖြစ်နေတာမျိုးမဟုတ်သလို သူ့အောက်ပိုင်းကလည်းအရမ်းကြီးမနာနေတော့ချေ။ သူ့ဘာသူလမ်းလျှောက်နိုင်ပြီဖြစ်သော်လည်း သူ့ချစ်သူကလက်မလျှော့ပဲ ချီသွားဖို့သာစိတ်ကူးနေလေရဲ့။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now