38.2

5.3K 788 10
                                    

U••

"မင်းမြင်ချင်လို့လား?"

ဟယ့်ချန်းနင်၏မျက်ဝန်းများက အနည်းငယ်တောက်ပသွားကာ ခုနကကြောက်ရွံ့နေသောအမူအရာမျိုး တစ်စိုးတစ်စိမျှပင်မမြင်ရတော့ပါချေ။

"ကောင်းပြီလေ... ခင်ဗျားရဲ့ငယ်ချစ်ဦးကို ဘယ်လိုမျိုးဖျော်ဖြေမလဲဆိုတာကျွန်တော်သိတော့သိချင်သား"

ရှန်ယွီရှန်းက ဟယ့်ချန်းနင်၏နဖူးပေါ်သို့ အနမ်းလေးတစ်ပွင့်နူးညံ့စွာချွေုလေသည်။

"မဟုတ်တာတွေမပြောနဲ့.. ကိုယ့်မှာဘာငယ်ချစ်ဦးမှမရှိဘူး။ အစကနေအဆုံးထိ ကိုယ့်မှာမင်းတစ်ယောက်ထဲပဲရှိတာ"

ဟယ့်ချန်းနင်ပြုံးလိုက်သည်မှာ မျက်ဝန်းလေးက လခြမ်းကဲ့သို့ကွေးလျက်။

"သခင်လေးရှန်ရဲ့ပါးစပ်ကအရမ်းကိုချိုတာပဲနော်"

ရှန်ယွီရှန်းရုတ်တရပ်ဆိုသလို ဟယ့်ချန်းနင်ကိုဆွဲဖက်လိုက်ရင်း နားရွက်နားကပ်ကာခပ်တိုးတိုးဆိုလေသည်။

"ဒီယောက်ျားရဲ့အမြင်မှာတော့ ချန်းနင်လေးကသာ အချိုဆုံးပါပဲကွာ"

ပြောရင်းဖြင့် ထိုမျက်ဝန်းများက ဟယ့်ချန်းနင်၏ကိုယ်ပေါ်သို့ဖြတ်သန်းလျက်...

"ချိုတာမှ နေရာတိုင်းကိုချိုမြိန်နေတာ"

ဟယ့်ချန်းနင်မျက်နှာလေးရဲသွားကာ သူ့ကိုစိုက်ကြည့်လျက်ဆိုလာတော့သည်။

"ခင်ဗျားကတကယ်ကိုမသင့်တော်တဲ့လူစားပဲ"

ကားမောင်းနေရင်းဖြင့် ဒါရိုက်ဘာလူငယ်လေး၏ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားကာ စိတ်ထဲ၌ငိုကြွေးနေမိချေပြီ။ ဘော့စ်ရေ... ခင်ဗျားမျက်နှာသေကြီးနဲ့အဲ့လိုတီတီတာတာတွေမပြောလို့ရမလားခင်ဗျာ? အဲ့တာသေစေလောက်တယ်လို့!

ကားကဟိုတယ်တစ်ခု၏မြေအောက်ခန်း၌ရပ်သွားခဲ့၏။ ဒါရိုက်ဘာလူငယ်လေးက သူ၏သခင်နှစ်ယောက်အတွက် ကားတံခါးကိုဂရုစိုက်ဖွင့်ပေးရင်း မျက်နှာပေါ်၌ ရေးထားသည်ကတော့ 'ဂရုစိုက်ကြပါ သခင်တို့ရေ၊ ခရီးကောင်းလေးဖြစ်ပါစေ၊ ကျွန်တော်ခင်ဗျားတို့ကိုဒီထိပဲလိုက်ပို့ပါ့မယ်' ဟူ၍။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]जहाँ कहानियाँ रहती हैं। अभी खोजें