33

6.3K 917 15
                                    

U••

[အပိုင်းအစများကောက်ယူခြင်း]

ကိစ္စများကပြန်လည်ပြုပြင်၍မရတော့သလို ဖြစ်ခဲ့သမျှကဖြစ်ပြီးပြီမို့ ဘာနှင့်မှဖုံးကွယ်လို့မရတော့ချေ။

ရှန်ယွီချန်းသူ့အဖေကိုကြည့်လိုက်ရင်း သူ့အဖေကသူ့ကိုကယ်ဖို့အရှေ့တိုးလာလိမ့်မည်ဟုမျှော်လင့်လျက်။ သူထွက်မသွားချင်ပေ၊ အထူးသဖြင့်သူထောင်ထဲမရောက်ချင်ပါချေ။

မည်သို့ပင်ဆိုစေကာမူ ရှန်ကွော်ကျန်းက သူ့ကိုလုံးဝမကြည့်ခဲ့။

ရှန်ယွီချန်းကိုယ်ပေါ်၌အင်အားမရှိတော့သကဲ့သို့ ခုံပေါ်တွင်ပြန်ထိုင်ကျသွားတော့သည်။

လင်ချန်ချင်းက ရှန်ယွီရှန်းပေးသည့်ရွေးချယ်မှုနှစ်ခုကိုရင်ဆိုင်နေရချေပြီ။ သူ့ဘဝအတွက်ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်သွားသည်ဟုခံစားလိုက်ရ၏။ လင်ချန်ချင်းက စီးပွားရေးလုပ်ငန်းမှာအောင်မြင်မှုများစွာရခဲ့တဲ့လူပါ။ ဘယ်လိုမြင်ကွင်းမျိုးကိုများသူကမမြင်ဖူးပဲနေမှာလဲ? ဘယ်လိုလူစားမျိုးကိုရောသူမကြုံဖူးပဲနေမှာလဲ? ဒါပေမဲ့ အခုချိန်မှာတော့ သူ့ဘဝမှာပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ဖို့ဖိအားပေးခံနေရပြီ။ သူဘယ်လိုလုပ်ဆန္ဒရှိမှာတဲ့လဲ? သူဘယ်လိုလုပ်မငြင်းဆန်ပဲနေနိုင်မှာလဲ?

လင်ချန်ချင်းကရုတ်တရပ်ဆိုသလို အော်ရယ်တော့သည်။

"Haha...hahaha! ရှန်ယွီရှန်း... ငါ.. လင်ချန်ချင်းက မင်းကိုင်တွယ်လို့ရမဲ့လူစားမဟုတ်ဘူး။ မင်းရဲ့လှည့်ကွက်သေးသေးလေးတွေကငါ့အတွက်ဘာမှမဟုတ်ဘူးနော်"

ရှန်ယွီရှန်းက စိတ်ဝင်တစားဖြင့်ဆိုလာ၏။

"သြော်... ဒီတော့ခင်ဗျားကဘာလိုချင်တာလဲ?"

လင်ချန်ချင်းပုပ်သိုးနေသောမျက်နှာထားဖြင့်ပြောလာသည်။

"မင်းရဲ့အဲ့ဒီသက်သေဆိုတဲ့ဟာတွေဘယ်ကရလာမှန်းတော့ငါမသိဘူး ဒါပေမဲ့ မင်းတို့ညီအစ်ကိုနှစ်ယောက်ရဲ့တိုက်ပွဲကြားမှာအကုန်လုံးကိုပါခိုင်းနေတာပဲ။ မင်းကကိုယ့်ကိုကိုယ်အရူးလုပ်နေတာ။ ငါ.. လင်ချန်ချင်းက ရှန်အဖွဲ့အစည်းမှာနှစ်ပေါင်းများစွာနေလာခဲ့တာ မင်းလိုကောင်စုတ်လေးကငါ့ကိုလွယ်လွယ်နဲ့မောင်းထုတ်လို့မရဘူး"

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now