7

9.7K 1.5K 33
                                    

U••

[အကြီးအကဲယင်၏အစီအစဉ်များ]

ရှန်သခင်လေး၏အပြုံးက ရွန္မိသားစုအား ပြောမပြတတ်အောင်ထိတ်လန့်သွားစေသည်။

အထူးသဖြင့် နှစ်ပေါင်းများစွာတိုင် သူ့သားကရေခဲရိုက်မျက်နှာထားဖြင့်နေလာခဲ့ကြောင်း ကောင်းစွာသိနေသည့် ရှန်ကော်ကျန်းပင်။ သို့သော်လည်း ဤကေလး ဟယ့်ချန်းနင်ကသူ့သားဖြစ်သူကိုပြုံးအောင်လုပ်နိုင်သည်မှာ မယုံကြည်နိုင်စရာ။ ရှန်ယွီရှန်းနှင့်ဟယ့်ချန်းနင်အပေါ်သို့ အကြည့်များကဝေ့ဝဲလျက်။ ထိုနှစ်ယောက်က ယခုမှပထမဆုံးတွေ့ဖူးခြင်းဖြစ်ကြောင်း ၎င်းတို့အားလုံးသိကြသည်။ သူတို့သားက သူလက်ထပ်ရမည့်လူအကြောင်းကောင်းစွာစုံစမ်းထားလောက်ပြီဖြစ်ကြောင်းသူတို့သိသော်လည်း စာရွက်ပေါ်မှအချက်အလက်အချို့ကြောင့် တစ်စုံတစ်ယောက်ကိုစိတ်ဝင်စားသွားရန်ဟူသည်မှာ သူတို့သား၏ပုံမှန်အပြုအမူမျိုးမဟုတ်နိုင်ပေ။ တစ်စုံတစ်ခုကိုစိတ်ဝင်စား၍သာမဟုတ်ပါက အကြီးအကဲရှန်မည်မျှဖိအားပေးသည်ဖြစ်ပါစေ သူကဤလက်ထပ်ပွဲအားလွယ်လွယ်ကူကူလက်ခံဖို့မဖြစ်နိုင်ချေ။ ထပ္မံဆိုရပါက ဤအိမ်ထောင်ရေးကလည်းတစ်နှစ်မျှသာကြာရှည်မည်လေ။

တျခားသူမ်ား၏ အံ့သြနေသောအမူအရာများကိုလျစ်လျူရှုလျက် ဟယ့်ချန်းနင်သူ့ခံစားချက်များအားဖိနှိပ်ကာ တည်ငြိမ်စွာဖြင့်ပြန်လည်ဖြေကြားလာခဲ့သည်။

"အဲ့လောက်လည်းမဟုတ်ပါဘူး"

အမှန်တရားကိုပြောနေသည့်အတိုင်း သာမာန်လေသံလေးက ရိုးရိုးရှင်းရှင်းနှင့်ဟန်ဆောင်မှုကင်းသည်။

ရှန်ယွီရှန်း၏နှုတ်ခမ်းများကပို၍ပင်တွန့်ကွေးလာ၏။

"မင်းကကိုယ့်ကိုကိုယ်နှိမ့်ချနေပြန်ပြီ ချန်းနင်"

ချန်းနင်ကခေါင်းကိုခပ်ဖြည်းဖြည်းခါယမ်းရင်း နှုတ်ခမ်းကိုတင်းတင်းစေ့ကာဆို၏။
"အမှန်အတိုင်းပြောရုံပါ"

မဒမ်ရှန်က လူငယ်လေးနှစ်ယောက်ကြားမှဆက်နွယ်မှုကိုကြည့်ရင်း ပြုံးသည်။ သိပ်မဆိုးလှပါချေ။ အနည်းဆုံးတော့ ယွီရှန်းက ချန်းနင်ကိုစကားပြောဖို့လိုလားနေသေးသည်မဟုတ်လား။ အကြိမ်နည်းနည်းလောက်ထပ်ထိတွေ့ဖြစ်ရင်တော့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကလည်းပို၍ကောင်းလာနိုင်လောက်ပါသည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now