15

9.3K 1.3K 24
                                    

U••

[မင်းရဲ့တောင်းဆိုမှုကိုလက်ခံပေးမယ်]

ချန်းနင်၏အညှာအတာမဲ့သောရုန်းကန်မှုများအပြီးတွင်တော့ ယွီရှန်းကနောက်ဆုံး၌သူ့ကိုလွှတ်ပေးလိုက်ရတော့သည်။ သို့သော်လည်း ချန်းနင်ကတော့ ယွီချန်းဘေးမှထွက်မသွားခဲ့ချေ။

ချန်းနင်ထပ်မံ၍တွေးပြန်သည်။

"လက်ထပ်ပွဲကိုနောက်ပြန်လှည့်လို့မရတော့တာတော့ဟုတ်ပေမဲ့ ကျွန်တော်ခင်ဗျားဆီက ကတိတစ်ခုတောင်းချင်သေးတယ်"

နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်းဖြင့် ယွီရှန်းခေါင်းငြိမ့်လာသည်အထိ သူစောင့်နေမိလေ၏။

"ပြောလေ"

မရည်မတွက်နိုင်တော့သောအကြိမ်ရေမြောက်အဖြစ် ချန်းနင်ထပ်မံ၍ရှက်သွားဖြာသွားရပြန်ကာ သူကဆိုလာသည်။

"အဲ့တာက.. ဟို... တာဝန်နဲ့ဝတ္တရားကိစ္စကလေ...ဖြည်းဖြည်းချင်းပဲသွားလို့ရမလား?"

စကားဆုံးသည်နှင့်ချန်းနင်တစ်ကိုယ်လုံးပူလောင်လာသယောင်ပင်ခံစားနေရတော့သည်။ ၎င်းကအလွန်ရှက်ဖို့ကောင်းလှသော်လည်း စည်းတော့ခြားထားရမည်ပင်။ သူအိမ်ထောင်ရေးကိုလက်ခံ၍ ကောင်းကောင်းနေထိုင်သွားဖို့တွေးထားသော်လည်း တကယ်တမ်း၌ဘာမှမပြင်ဆင်ရသေးပါချေ။ ဘယ်သူကဘယ်သူနှင့်အိပ်ရမည်ကိုအသာထားလျှင်တောင်မှ သူမပြင်ဆင်ထားရသေးသည်မှာရှင်းလှသည်။

ချန်းနင်မည်မျှရှက်ရွံ့နေ၍ သူ့စကားလုံးများဖြင့်ပတ်ချာရိုက်နေသည်ကိုမြင်တော့ ယွီရှန်း၏ခံစားချက်ကပိုကောင်းလာသလိုလိုပါပင်။

"ဒါဆို မင်းကဘယ်တော့မှအဆင်သင့်ဖြစ်မှာလဲ?"

ချန်းနင်ကယွီချန်းတစ်ယောက် ဤကိစ္စနှင့်ပက်သက်၍ ထိုမျှလောက်ဒဲ့တိုးကြီးပြောလာမည်ဟုမထင်ထားသည်မို့ သူ့မျက်နှာကပို၍ပင်ပူလာရသည်။ သူကမျက်နှာကိုတစ်ဖက်သို့လှည့်လိုက်ရင်း ယွီရှန်း၏တောက်လောင်နေသောအကြည့်များကိုရှောင်ကာ....

"အဲ့..အဲ့တာက ဘယ်အချိန်ဖြစ်မလဲဆိုတာတော့ ကျွန်တော်ကဘယ်သိမှာလဲ"

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now