21

9.1K 1.2K 20
                                    

U••

[သခင်လေးရှန်၏အမျက်ဒေါသ]

လှေကားနားမှရုတ်တရပ်ဆူညံသံများကြောင့် အန်တီချင်နိုးလာခဲ့သည်။ တစ်စုံတစ်ယောက်က သခင်လေးရောသူ့သူငယ်ချင်းပါနှစ်ယောက်လုံးကို (သတိလစ်အောင်) ထိုးနှက်လိုက်သည်ကိုမြင်တော့ သူမထအော်မိမတတ်ပါပင်။

ရှောင်ချီကမျက်စိတမှိတ်အတွင်းရွေ့လျားသွားကာ အန်တီချင်ရှေ့၌ပေါ်လာခဲ့၏။ အန်တီချင်က ချန်းနင်အပေါ်ဂရုစိုက်သည့်သူဟူသောအတွေးကြောင့် ထိုသက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးကိုတော့သူမထိခိုက်စေခဲ့ပေ။ သူကပင်းထန်အက်ကွဲသောလေသံဖြင့်၎င်းကဆိုလာ၏။

"သူတို့နှစ်ယောက်က သခင်လေးနင်ကိုထိခိုက်အောင်လုပ်ဖို့စီစဉ်နေကြတာ... သခင်လေးနင်အတွက်ခင်ဗျားပို့ပေးလိုက်တဲ့နွားနို့ထဲကိုသူတို့ကဆေးခတ်လိုက်ကြတာမို့ အခုသူသတိလစ်နေပြီ... ဒါတောင်ခင်ဗျားအော်ချင်သေးတယ်ဆိုရင်ဆက်လုပ်လေ"

ထိုသို့ပြောပြီးသည့်နောက် ရှောင်ချီကအန်တီချင်ကိုအနောက်တွင်ထားခဲ့ကာ သူ့အလုပ်များကိုဆက်လုပ်ဖို့ထွက်ခွာသွားတော့သည်။

ချန်းနင်၏အခန်းသို့သွားသည့်လမ်းတစ်လျှောက် အန်တီချင်တုန်ယင်လျက်။ အခန်းထဲတွင်တော့ လူများစွာရှိကာ ထိုအထဲတွင်သူသိသည့်သခင်လေးရှန်လည်းအပါအဝင်ပင်။

အန်တီချင်ဝင်လာသည်ကိုမြင်တော့ ယွီရှန်းကရှောင်ဝူကို သူမကိုစိတ်လျှော့ပြီးပိုင်မော့ ချန်းနင်ကိုဆေးကုပေးနေသည်ကိုမနှောင့်ယှက်ဖို့ အမူအရာပြလိုက်၏။ ထို့ကြောင့် ရှောင်ဝူက အန်တီချင်ကို ဧည့်ခန်းထဲမှဆိုဖာဆီခေါ်ဆောင်သွားကာ လက်ရှိအခြေအနေနှင့်ပက်သက်၍ သူမကိုရိုးရှင်းစွာရှင်းပြလိုက်သည်။ ထို့နောက်တွင်တော့ သူကအပေါ်ထပ်ပြန်မတက်သွားခင် ရှောင်ချီကိုအန်တီချင်အားဂရုစိုက်ရန်မှာကြားခဲ့လေသည်။

အန်တီချင်ကအနားမယူနိုင်ပဲစိတ်ပူပန်နေသည်ကိုမြင်တော့ ရှောင်ချီလည်းခါးသက်သက်ခံစားချက်များ အနည်းငယ်လျော့သွားတော့သည်။ နောက်ဆုံး၌မူ အန်တီချင်ကထိုလူများထံမှအသုံးချခံရခြင်းသက်သက်သာပင်။ သခင်လေးနင်အပေါ်ထားသည့်သူမ၏စိတ်ပူမှုက ဖြူစင်လှသည်မို့ ရှောင်ချီကနှစ်သိမ့်ပေးဖို့ဆုံးဖြတ်လိုက်၏။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now