36.1

6K 888 12
                                    

U••

[ညစ်ပတ်တဲ့အကြံအစည်တွေလုပ်ကြပြန်ပြီ]

ရှန်ယွီရှန်းကသူမကို ပွင့်ပွင့်လင်းလင်းကြီးငြင်းလိုက်တဲ့အခါ လင်ကျင်းရှန်ရဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးတဲ့ခံစားချက်တွေက ထင်မှတ်မထားလောက်အောင်ပေါက်ကွဲလာတော့တယ်။ သူမလို လေးစားစဖွယ်မြင့်မြတ်တဲ့ တော်ဝင်သမီးကြီးတစ်ယောက်က ဒီလိုဆက်ဆံမှုကိုဘယ်လိုခံနိုင်ရည်ရှိမှာတဲ့လဲ? သူမရဲ့နှလုံးသားကိုမာကျောပစ်ပြီး ရှန်ယွီရှန်းကိုသင်ခန်းစာကောင်းကောင်းပေးပစ်ချင်နေပြီ။

သူမရဲ့အမြင်မှာတော့ ရှန်ယွီရှန်းသူမကိုဒီလိုဆက်ဆံတယ်ဆိုတာ ဟယ့်ချန်းနင်ရဲ့တည်ရှိမှုကြောင့်ဆိုတာအသိသာကြီးပဲ။ တကယ်လို့အဲ့လူသာမရှိခဲ့ဘူးဆိုရင် ရှန်ယွီရှန်းကအနည်းဆုံးတော့ သူ့ရဲ့ခံစားချက်ဟောင်းတွေကိုပြန်ရပြီး သူမကိုမျက်နှာသာပေးမယ်၊ သူမဦးလေးကိုလည်းလွှတ်ပေးမယ်။ ဖြစ်နိုင်ရင် သူမအတွက်အနာဂါတ်မှာခံစားချက်တွေတောင်ရှိလာဦးမှာ။ သူတို့နှစ်ယောက်လည်း အဆုံးသတ်ကောင်းလေးရရင်ရနိုင်တာပဲလေ။ ဒါပေမဲ့ ဒါတွေအကုန်လုံးအဲ့ဒီကောင်စုတ်ကြောင့် အကုန်ပျက်စီးသွားရပြီ။ သူမဒီလူကိုလုံးဝလွှတ်ပေးမှာမဟုတ်ဘူး။ သူမကသူ့ကို ရှန်ယွီရှန်းဘေးကနေကိုယ်တိုင်ထွက်သွားဖို့လုပ်ပေးရမယ်။

ဟယ့်ချန်းနင်၏နောက်ခံနှင့် ရှန်ယွီရှန်းနှင့်သူ၏လက်ထပ်ပွဲအကြောင်းကိုရှာဖို့ လူအချို့ကိုခိုင်းပြီးသည့်နောက် လင်ကျင်းရှန်က ယင်ဟောက်ကိုဆက်ဆွယ်ဖို့အခွင့်အရေးယူကာ သူနှင့်စကားအကြာကြီးပြောခဲ့လေသည်။ နောက်တစ်နေ့တွင်မူ ယင်ဟောက် တရုတ်သို့ပြန်လာခဲ့လေ၏။

သာ့ကျိုးက သခင်လေးထံသို့နောက်ဆုံးသတင်းကို တင်ပြလာတော့ ရှန်ယွီရှန်း၏အမူအရာမဲ့မျက်နှာထားက ပို၍ပင်အေးစက်လာတော့သည်။

"ငါနဲ့အတူ သေနေ့ကိုရေတွက်ချင်တယ်ပေါ့။ ဒါဆိုလည်းငါသူတို့ကိုအဖော်ပြုပေးလိုက်မယ်။ သူတို့ကိုစောင့်ကြည့်ဖို့ ဥာဏ်ကောင်းတဲ့လူတစ်ချို့ရှာထားလိုက်။ ပြီးတော့ ရှောင်လျိုနဲ့ ရှစ်စန်းကို ချန်းနင်ကိုကောင်းကောင်းကာကွယ်ဖို့မှာထား"

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now