26.1

7.8K 1K 12
                                    

U••

[ဟန်းနီးမွန်းခရီးစဉ်]

ညနေပိုင်းဧည့်သည်တော်များထွက်သွားသည်နှင့် အိမ်အကူများက ဥယျာဉ်ကိုရှင်းလင်းလိုက်ကြသည်။

တစ်နေ့လုံးအလုပ်များပြီးသည့်အခါတွင်တော့ မိသားစုကနောက်ဆုံး၌ထိုင်ပြီး အနားယူနိုင်ပြီဖြစ်၏။

မဒမ်ရှန်က သူမလက်ဖက်ရည်ကိုသောက်ရင်း တစ်ဖက်အတွဲကိုအမေးရှိလာသည်။

"ယွီရှန်း... မင်းတို့နှစ်ယောက်အရင်ဆုံးဘာလို့အနားမယူကြတာလဲ?"

"အဆင်ပြေပါတယ်ဖွားဖွား... အထုတ်အပိုးတွေကထုပ်ပြီးပြီ ကျွန်တော်တို့တစ်နာရီအတွင်းထွက်ကြမှာ"

"ဒါလည်းကောင်းပါတယ်။ မင်းတို့ဟိုရောက်ရင် အဖွားကိုဖုန်းဆက်ဖို့မမေ့နဲ့ဦး။ အနားယူပြီးပျော်ခဲ့ကြ။ချန်းနင်ကိုလည်းဂရုစိုက်ဦး"

"ကျွန်တော်သိပါတယ် ဖွားဖွား"

အနည်းငယ်ရှင်းလင်းဖို့အတွက် စုံတွဲကသူတို့အခန်းသို့ပြန်သွားကြလေသည်။ ချန်းနင်လှုပ်ရှားမှုများ ဖြည်းဖြည်းချင်းနှေးလာသည်ကိုမြင်တော့ ယွီရှန်းက သူ့လက်မောင်းကို သူချစ်ရသူလေး၏ခါးတွင်ရစ်ပတ်လိုက်လေသည်။

"လေယာဉ်ပေါ်ရောက်ရင် မင်းတစ်ခါလောက်အိပ်လိုက်ဦး။ ကိုယ်တို့ရောက်ရင်မင်းကိုကိုယ်နှိုးမယ်"

ချန်းနင်က နူးညံ့သောအပြုံးလေးဖြင့် ပြန်ဖြေလာသည်။

"ကျွန်တော်အဆင်ပြေပါတယ်"

လေယာဉ်ပျံသန်းလာသည်နှင့် ချန်းနင်လည်း ယွီရှန်းဘေးတွင်သက်သောင့်သက်သာဖြင့် အိပ်ပျော်သွားတော့သည်။ အရင်နေ့ရက်များက သူ့ကိုလုံးလုံးလျားလျားပင်ပန်းစေခဲ့သည်ပင်။ ထပ်မံဆိုရပါက ဒီနေ့တွင်လည်းသူတို့အစောကြီးထ၍ ဧည့်သည်များကိုဧည့်ခံရကာ ယင်မိသားစုကြောင့်လည်းစိတ်ရှုပ်လိုက်ရသေးသည်။ နောက်ဆုံးတွင်မူ သူ့တွင်အနားယူဖို့အခွင့်အရေးတစ်ခုရချေပြီ။ သူ့ဘေးမှယွီရှန်း၏နွေးထွေးသောအငွေ့အသက်လေးကြောင့် ချန်းနင်လွယ်ကူစွာပင်အိပ်ပျော်သွားတော့သည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now