13

9.4K 1.4K 80
                                    

U••

[ကျွန်တော်တို့စကားပြောလို့ရမလား?]

ကားက အဆင့်အတန်းမြင့်ကလပ်တစ်ခုနှင့်ချိတ်ဆက်ထားသော မြေအောက်ကားပါကင်တစ်ခုဆီသို့ မောင်းထွက်လာခဲ့သည်။ သူတို့ရောက်သည့်အချိန်၌ ရှန်ယွီရှန်းက ချန်းနင်နှင့်အတူ သူကြိုတင်မှာထားသည့် private room ဆီသို့သီးသန့်ဓာတ်လှေကားနှင့်တက်လာခဲ့သည်။

ခမ်းနား၍ကျယ်ဝန်းသောအခန်းထဲ၌ နောက်ကွယ်မှသီချင်းအေးအေးတစ်ပုဒ်ပျံ့လွင့်လျက်။ ပြတင်းပေါက်ကုန်းပတ်အနား၌ ချန်းနင်ကပျင်းရိစွာထိုင်လိုက်သည်။ ဝိတ္တာက တရိုတသေဖြင့်သူတို့ဘေးတွင်ရပ်ကာ ဟင်းအမယ်များမှာမည်ကိုစောင့်နေ၏။

ချန်းနင်၏အကြံဉာဏ်ကိုတောင်းပြီးသည့်နောက် ယွီရှန်းကကော်ဖီနှစ်ခွက်နှင့် အချိုပွဲအချို့ကိုမှာလိုက်ပေသည်။

ွဝိတ္တာက သောက်စရာနှင့်အချိုပွဲများကိုချပေးပြီးသွားသည်နှင့် ယဉ်ကျေးစွာဖြင့်အခန်းထဲမှထွက်သွားကာ သူ့အနောက်မှတံခါးကိုလည်းပိတ်ပေးထားခဲ့သည်။

ချန်းနင်ကကော်ဖီတစ်ငုံသောက်လိုက်ရင်းဖြင့် တိတ်ဆိတ်မှုအား သူ၏ရှင်းလင်းသောအသံဖြင့်ဖြိုခွင်းလိုက်၏။

"ကျွန်တော်ခင်ဗျားနဲ့စကားပြောလို့ရမလား"

ရှန်ယွီရှန်းက 'ရတာပေါ့'ဟူ၍ သူ့လက်ဖြင့်အမူအရာပြသည်။

ချန်းနင်ကဆက်လက်မပြောခင်၌ခဏရပ်လိုက်သေး၏။

"ကျွန်တော်က straight"

သူ့ပါးပြင်ကအနည်းငယ်နွေးနေသည်။ တစ်ခြားယောက်ျားတစ်ယောက်နှင့်ဤကိစ္စမျိုးကိုဆွေးနွေးရသည်က ထူးဆန်းလှသည်ပင်။

"အဲ့တော့?"

ရှန်ယွီရှန်းကအမူအရာမဲ့စွာဖြင့်မေးလာ၏။

ဟယ့်ချန်းနင်၏တောက်ပသောမျက်ဝန်းလေးများက ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားကာ ရှန်ယွီရှန်းကိုကြည့်လာတော့သည်။

"တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် မဒမ်ရှန်ရဲ့တစ်နှစ်စာချုပ်အတိုင်းပဲလိုက်နာချင်တယ်"

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now