44

4.7K 676 21
                                    

U••

[ကျွန်တော့်မှာအဲ့တာတကယ်ရှိနေတာလား?]

ဤရက်ပိုင်းအတွင်း ဟယ့်ချန်းနင် သိသိသာသာ စိတ်ဓာတ်ကျနေပြီး တစ်ခါတစ်ရံတွင် သူသည် အလွန်စိတ်တိုနေကာ အခန်းထဲတွင် နေ့တိုင်း သော့ခတ်၍နေတတ်သည်ပင်။ ရှန်ယွီရှန်း မှလွဲ၍ မည်သူမျှ သူ့ကို မချဉ်းကပ်ရဲကြပေ။ နေ့တိုင်း အစာမစားဘဲ စောင်ထဲမှာပဲ မြုပ်နေ၏။  ကန့်လန့်ကာများကိုပင် ဖွင့်ခွင့်မပေးဘဲ လုံးလုံးပိတ်ထားလေသည်။

ရှန်ယွီရှန်း က ကုမ္ပဏီ ကိစ္စရပ်များကို သာ့ကျိုး နှင့် အမှုဆောင်ဒါရိုက်တာထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ သူကတော့ ဟယ့်ချန်းနင် ကို အိမ်တွင်အဖော်ပြုပေးဖို့သာစိတ်နှလုံးသားတစ်ခုလုံးကိုရင်းထား၏။ ၎င်းက သူ၏ကိုယ်ဝန်နှင့် ကလေးများအကြောင်းကို ပြောပြခဲ့သည့်နေ့မှစ၍ပါပင်။  ဒီရက်တွေအတွင်း ဘာမှမပြောဘဲ နေ့တိုင်း ချန်းနင်အနားမှာသာနေကာ ချော့မျြူရင်း ပွေ့ဖက်ရင်းဖြင့် စောင့်ကြပ်ပေးသည်။

တကယ်လို့ချန်းနင်မအိပ်ရင်သူလဲမအိပ်ဘူး။ တကယ်လို့ချန်းနင်အိပ်ရာထဲကမထွက်ရင် သူလဲဘေးမှာပဲလှဲအိပ်နေပေးတယ်။ သူ့ဘေးမှာတိတ်တဆိတ်အဖော်ပြုရင်းပေါ့။ သူ့ဇနီးလေးက အစာမစားတဲ့အခါမှသာ သွေးဆောင်ဖြားယောင်းတာ ဒါမှမဟုတ် လှည့်စားခြိမ်းခြောက်ရင်းနဲ့ ချော့ကျွေးတယ်။ တကယ်လို့ချန်းနင်ထမင်းတစ်နပ်မစားရင် သူကသုံးနပ်မစားဘူး။ ချန်းနင်အရမ်းပိန်ပြီးဖြူဖျော့လာတာထက် ဆိုးနိုင်တဲ့အရာဘာမှမရှိတော့ဘူးလေ။

ဟယ့်ချန်းနင် က သူမှားနေပြီး အလွန်အားနည်းသည်ဟု အမှန်တကယ် ခံစားမိသော်လည်း ဤရှုထောင့်ကို သူ့နှလုံးသားထဲတွင် မထည့်နိုင်သေးပေ။  သူသည် အနှစ်နှစ်ဆယ်ကြာ သာမာန်လူဖြစ်ခဲ့သော်လည်း တစ်နေ့တွင် သူသည် ယောက်ျားဖြစ်ပါရက်နှင့် ကလေးယူနိုင်သည်ဟု ရုတ်တရက်သိလိုက်ရချေ၏။ ဒါကိုသာသူချက်ခြင်းလက်ခံနိုင်မယ်ဆိုပါက ဦးနှောက်တွေ ကမောက်ကမ ဖြစ်နေလို့သာဖြစ်ရမည်။

သူအလွန်စိတ်ဓာတ်ကျနေပါ၏။ စကားလည်းမပြောချင်၊ မအိပ်ချင်သလို မစားချင်ပေ။ ဒီတိုင်း မျက်လုံးမှိတ်ပြီး ဘာကိုမှနှလုံးမသွင်းဘဲသာနေလိုက်ချင်တော့တယ်။ သူအဲ့တာကိုလုံးဝမတွေးပဲနေလိုက်ချင်ပေမဲ့ 'သခင်ချင်ထျန်းရေ ဒါကဘာကြီးလဲ? လူတွေကိုဒီလိုမကစားစမ်းပါနဲ့!!' လို့အော်ချင်နေတုန်းပဲ။ 

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now