39.1

5.8K 840 13
                                    

U••

[ယင်မိသားစု၏အဆုံးသတ် - ၁ ]

အိပ်ယာတိုက်ပွဲပြီးသွားသလား ထိုလူများဟိုတယ်အပြင်ဆွဲထုတ်ခံလိုက်ရသလားတော့သူမသိခဲ့ချေ။

ရှန်ယွီရှန်းက အရာအားလုံးပြီးဆုံးသည်အထိ ဟယ့်ချန်းနင်ကိုဖက်ထားရင်း အိပ်စက်နေခဲ့၏။ ဟိုတယ်ထဲမှ ဖျော်ဖြေသူအားလုံးထွက်သွားပြီးသည်နှင့် ရှန်ယွီရှန်းက ဟယ့်ချန်းနင်ကို အိမ်အပြန်၌ ညစာထွက်စားဖို့ခေါ်သွားခဲ့လေသည်။ 

စာဖတ်ခန်း၌ ခင်ပွန်းနှင့်ဇနီးက ခေါင်းချင်းပူးလျက် အွန်လိုင်းပေါ်တင်ခံရသောဗီဒီယိုများကိုကြည့်နေကြလေ၏။

"ဟဟ... သာ့ကျိုးကတကယ်ကိုအရည်အချင်းရှိတာပဲ။ သူကဗီဒီယိုကိုတော်တော်လေးအသက်ဝင်အောင် edit ထားတာ။ ဘာပဲဖြစ်ဖြစ် ဗီဒီယိုကသူ့ဟာနဲ့သူတောင် အသက်ရှုရပ်ချင်စရာကို ဒီလို edit စကေးနဲ့ effect တွေက လူတွေအများကြီးရဲ့မျက်လုံးကိုကန်းစေတော့မှာပဲ အာ။ ကြည့် ဒီအပိုင်းဆိုရင် အကျယ်တောင်ချဲ့ပြထားသေးတယ် ဒါကတကယ်ရယ်စရာကောင်းတာ။ ဟဟ အကောင်းဆုံးအရည်အသွေးပဲ"

သူ့ဇနီးလေးယခုကဲ့သို့ပျော်ပျော်ရွှင်ရွှင်ရယ်နေသည်ကိုမြင်ရသည့်အတွက် ရှန်ယွီရှန်းအတော်လေးပျော်ရွှင်မိကာ သာ့ကျိုးကိုခိုင်းလိုက်သည်ကမှန်သည်ဟုထင်နေမိသည်။ အမှန်ပဲ! ဒီဇနီးလေးရဲ့ကျွန်က ဇနီးလေးပြုံးဖို့အတွက် ဗီဒီယိုကိုဒီလိုပုံစံပေါက်အောင် အထူးရှယ် edit ခိုင်းထားတာပဲလေ။

"အဲ့တာက အင်အားကြီးပြီးအသုံးလဲဝင်သားပဲ"

ဟယ့်ချန်းနင်တစ်ယောက် အူပြတ်မတတ်ကိုရယ်မောနေတော့သည်။

"ယင်ဟောက်ကအမြဲတမ်း လူတိုင်းသတိထားမိတာကိုခံချင်နေတာ။ ဒီတစ်ခါတော့ သူမျှော်လင့်တဲ့အတိုင်း ရုတ်တရပ်ကြီးအင်တာနက်ဆယ်လီဖြစ်လာပြီပဲ။ အခုကစပြီး သူဘယ်သွားသွားလူတွေကသူ့အကြောင်းဆွေးနွေးတော့မယ်လို့ ကျွန်တော်ယုံတယ်။ ဒီလိုအောင်မြင်မှုမျိုးက တကယ်ကိုအသိအမှတ်ပြုစရာပဲမို့လို့ သူသေချာပေါက်ကိုသဘောကျနေတော့မှာပဲ!"

"ဒါဆိုရင် နောက်ထပ်သူရမဲ့လက်ဆောင်တွေကို ပိုပြီးတော့တောင်သဘောကျလိမ့်ဦးမယ်"

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Donde viven las historias. Descúbrelo ahora