47

3.8K 425 32
                                    

U••

[ဟယ့်မိသားစု၏အဘိုး]

ဟယ့်ချန်းနင်သည်  အရသာရှိသော အစားအစာများကိုနေ့တိုင်းစားသောက်ကာ ပျော်ပျော်ရွှင်ဖြင့် ကလေးများကိုပြုစုပျိုးထောင်သည်။ ရှန်ယွီရှန်းဆိုတဲ့ ဇနီးရဲ့ကျွန်လေးကတော့ လိမ္မာတဲ့ကလေးမလေးတစ်ယောက်လိုမျိုး နေ့တိုင်းဇနီးလေးကိုလုပ်ကျွေးပြုစုဖို့သာသိရှာတယ်။ ဟယ့်မိသားစုကလူတွေကိုတော့ သူလေထဲလွှင့်ပစ်ထားလိုက်တာကြာချေပြီ။

အဲ့နောက်ပိုင်း ဟယ့်မင်ဖန် နှင့် ဟယ့်ကျွင်းရှန်း တို့သည် အကြိမ်ပေါင်းများစွာ လာခဲ့ကြသော်လည်း တံခါးပိတ်ထားခြင်းကိုသာခံရသည်မို့ နှာခေါင်းကိုကုတ်ရင်း ငြင်းခံလိုက်ရရုံသာတတ်နိုင်သည်။ နောက်ဆုံး၌ သူတို့ကကိုယ့်ကိုကိုယ်ဆက်လက်ပြီးနှိပ်စက်မခံတော့ပဲ အိမ်ဟောင်းမှ သတင်းကို စောင့်မျှော်ရန် ဟိုတယ်တွင်သာ တည်းခိုခဲ့သည်။

ရှန်ယွီရှန်း သည် သာ့ကျိုး ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။  ၎င်းမှာ လအတော်ကြာ ပျောက်ကွယ်သွားသော ယင်ကျိနျန်အကြောင်းပင်ဖြစ်ချေသည်။ 

"ချန်းနင်... ယင်ကျိနျန် ပြန်ရောက်လာပြီ"

ဟယ့်ချန်းနင် က မျက်မှောင်ကြုတ်ကာ..

"ပြန်လာပြီလား? ဘယ်တုန်းကလဲ?"

"နှစ်ပတ်လောက်ပေါ့။"

"အခုသူဘယ်မှာလဲ?"

"မြို့နယ်မှာရှိတဲ့ သုဿာန်တွေမှာဝန်ထမ်း လုပ်နေတယ် သန့်ရှင်းဖို့နဲ့အစားအသောက်တွေအတွက်တာဝန်ယူထားတာမို့ သူပိုက်ဆံပေးစရာလဲမလိုဘူး"

ဟယ့်ချန်းနင် မျက်မှောင်ကြုတ်သည်။

"ကျွန်တော့်အမေကို အဲဒီနေရာမှာ သင်္ဂြိုဟ်ခဲ့တာ"

ရှန်ယွီရှန်း က တစ်ခုခုကို တွေးနေပုံရပေမယ့် ကောင်လေးက မျက်မှောင်ကြုတ်ပြီး စကားမပြောတဲ့အတွက် အတွေးတွေကိုမေ့လိုက်တော့သည်။

ဟယ့်ချန်းနင် က အချိန်အတော်ကြာပြီးမှ သက်ပြင်းတစ်ချက်ချသည်။

"သူ့ကိုထားလိုက်တော့... သူကအသက်ကြီးနေပြီ၊ ဘာမှဂရုစိုက်စရာမရှိဘူး"

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now