40.1 + 40.2

7.6K 787 26
                                    

U••

[ယင်မိသားစု၏အဆုံးသတ် - ၂)

ယင်ကျိနျန် ကခေါင်းငုံ့ထားရင်း ဇနီးဖြစ်သူ၏ အော်ဟစ်တောင်းဆိုမှုများကို လျစ်လျူရှုထားသည်။  သူ့မျက်ဝန်းတွေကတင်းမာမှုကိုပြလျက် သူ့နှလုံးသားကတော့ ဗလာကျင်းနေခဲ့ချေပြီ။ ယင်အဖွဲ့အစည်း ၏ အကြပ်အတည်း၊ ယင်မိသားစု၏ သေရေးရှင်ရေးများကို သူအလွန်ထုံနေပြီဖြစ်ပါသဖြင့် ဘာကိုမှဂရုမစိုက်တော့ပေ။ သူ့စိတ်ထဲဝင်ရောက်နေသည့် အတွေးတစ်ခုကတော့ ဟယ့်ချန်းနင် ကိုတွေ့ချင်ပြီး သူ့အရင်ဇနီးနှင့် မျက်လုံးချင်းတူသည့်ထိုကလေးလေးကို ထပ်မြင်ချင်ရုံမျှသာပင်။  သူ့ကိုမြင်ရင် သူ့မိန်းမရဲ့မျက်နှာကို သူ(HCN)ကနေတစ်ဆင့် မြင်နိုင်မည်လား။  သူဘာတွေများလုပ်ခဲ့တာလဲ။  အတိတ်ကို ပြန်တမ်းတနေတာလား။  နောင်တရနေတာလား?  သူ့အပြစ်တွေကို ကျေအေးပေးစေချင်နေတာလား? အဲ့လိုလုပ်ဖို့အတွက်ရော  အရာအားလုံး နောက်ကျနေခဲ့ပြီလား?

ရှုပ်ထွေးပွေလီလှသည့် အတွေးမျိုးစုံက သူ့အားခြောက်လှန့်နေလျက်။ သူ့ဦးနှောက်က သူဘာလုပ်ချင်နေသလဲဆိုသည့် မေးခွန်းများနှင့်ပြည့်နှက်ရှုပ်ထွေးနေတော့သည်။ သူမမှတ်မိနိုင်တော့ပေ၊ ၎င်းနှင့်ပက်သက်၍ဘာကိုမှမလုပ်ချင်တော့သလို ဘာကိုမှလဲထပ်မတွေးနိုင်တော့ပေ။

မိသားစုတစ်ခုလုံးက လင်ကျင်းရှန်၏ကိစ္စနှင့်ပက်သက်၍ အဆက်မပြတ်ငြင်းခုန်နေဆဲဖြစ်ရာ ယင်ကျိနျန်၏ပြောင်းလဲမှုကို ဘယ်သူမှသတိမထားမိကြသလို ဂရုလဲမစိုက်ကြချေ။

နောက်ဆုံးဆုံးဖြတ်ချက်ကတော့ ယင်ဟောက်က လင်ကျန်းရှန်ကိုလက်ထပ်ရမည်ဖြစ်ကာ ယင်ကျိနျန်ကတော့ ဟယ့်ချန်းနင်နှင့်စကားပြောရမည်ပင်။

ဧည့်ခန်းထဲမှလူအားလုံး မရှိတော့သည့်အချိန်တွင်တောင် ခေါင်းငိုက်စိုက်ကျနေဆဲဖြစ်သော ယင်ကျိနျန်ကိုမြင်တော့ အစေခံကမနေနိုင်စွာဖြင့် ခပ်တိုးတိုးမေးလာ၏။

"ဆရာ အဆင်ပြေရဲ့လား?"

ယင်ကျိနျန် အတွေးမှရုန်းထွက်လာ၍...

"ငါအဆင်ပြေပါတယ်"

ဟု ခပ်တိုးတိုးသာဆို၏။ ထို့နောက်တွင်တော့ အပေါ်ထပ်သို့ဖြည်းညှင်းစွာတက်သွားလေသည်။ 

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now