8

9.6K 1.4K 96
                                    

U••

[မင်းအတွက်ခက်ခဲစေပြီ...]

အကြီးအကဲယင်၏စကားများထဲမှ သတိပေးချက်အစစ်အမှန်ကိုတော့ ဒီကိုရောက်လာသူတိုင်းကအထူးပုဂ္ဂိုလ်များဖြစ်သည့်အလျောက် သူမပြောချင်သည့်အရာကိုအကုန်လုံးနားလည်ကြသည်။

ရှန်ယွီရှန်းက ပျင်းစရာအပေးအယူအတွက်စိတ်မရှိနေသလို ချန်းနင်ကိုလည်းထပ်ပြီးမခံစားရစေချင်တော့သည်မို့ ခပ်မြန်မြန်လေးဖြေရှင်းဖို့သာ ဆုံးဖြတ်လိုက်၏။

"အဖြား...ချန်းနင်နဲ့ကျွန်တော့်အတွက်ကတော့အဖွားပဲဆုံးဖြတ်လိုက်ပါ"

အခန်းထဲတွင်ရှိသည့်လူတိုင်းက ရှန်ယွီရှန်းအား မေးခွန်းအပြည့်ပါသည့်မျက်ဝန်းများဖြင့် မယုံကြည်နိုင်စွာလှမ်းကြည့်မိကြသည်။

ဒီကောင်လေးဘာတွေတွေးနေတာလဲ?

အကုန်လုံးကြားလိုက်ရသလို အကြီးအကဲယွင်ကလည်း ရှန်ယွီရှန်းရုတ်တရပ်ကြီးအဘယ်ကြောင့် မဒမ်ရှန်အားအရာအားလုံးဆုံးဖြတ်စေရန်သဘောတူလိုက်ကြောင်း သိချင်လာသည်။

မဒမ်ရှန်က နားလည်ဟန်ခေါင်းငြိမ့်ပြရင်း နှလုံးသားအနက်ရှိုင်းဆုံးတွင်တော့စိတ်သက်သာရာရသွားခဲ့သည်။ မည်သည့်အရာကိုမှဂရုမစိုက်ခဲ့သည့်သူမ၏မြေးလေးက ယနေ့တွင်တော့စိတ်ဝင်စားမှုရှိလာခဲ့ပြီပင်။ သိပ်တော့မဆိုးလှပါချေ။ သူ့အားအမျိုးသားဇနီးသည်နှင့် လက်ထပ်လိုက်စေခြင်းကအဆုံးတွင်တော့ ကောင်းသည့်အရာဖြစ်လာခဲ့ပေ၏။

"အဲ့တာဆိုရင်တော့အရမ်းကောင်းတာပေါ့... အဖွားစကားကိုမင်းနားထောင်ပြီဆိုမှတော့ ဒီအဖွားကအကုန်လုံးကိုအခြေကျစေရမယ်"

ယင်မိသားစု၏စိုးရိမ်နေသောမျက်နှာထားများကိုကြည့်ရင်းဖြင့် မဒမ်ရှန်ကသူမအတွေးများအားဖြည်းညှင်းစွာပြောပြလာသည်။

"ကျွန်မကတော့ချန်းနင်ကိုအရမ်းသဘောကျတယ်... ယွီရှန်းကလည်းသဘောကျတဲ့ပုံပါပဲ... အဲ့တော့ မင်္ဂလာပွဲအတွက်အသေးစိတ်ကိုဆွေးနွေးကြတာပေါ့"

နောက်ထပ်လက်ဖက်ရည်တစ်ငုံသောက်ပြီးသည့်နောက် သူမကဆက်လက်ပြောကြားလာသည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now