29

7.4K 1K 7
                                    

U••

[ဝီရိယရှိရှိစုံစမ်းစစ်ဆေးခြင်း - ၁]

နေ့လည်စာစားပြီးသည့်နောက် ချန်းနင်သူ့စိတ်သူရှင်းဖို့ဖိအားပေးကာ စာမူအတွက်စတင်အလုပ်လုပ်တော့သည်။

သုံးနာရီတွင် @DuckLingLi က အချိန်မှန်လိုင်းတက်လာ၏။

[DucklingLi]: Hi!!

[ချင်းရွှေ]: အခြေအနေဘယ်လိုလဲ?

[DucklingLi]: အဲ့တာကနည်းနည်းတော့ရှုပ်တယ်ကွ...

[ချင်းရွှေ]: ငါ့ကိုဝိုးတဝါးမပြောနဲ့။

[DucklingLi]: ကောင်းပြီ။ ဒီတော့ကွာ ကိစ္စတွေကဒီလိုမျိုးဖြစ်လာတာ။ အင်တာနက်ပေါ်မှာပထမဆုံးတင်တဲ့လူက 'ဆွဲဆောင်မှုရှိတဲ့နတ်ဆိုး' ဆိုတဲ့ ID ကိုသုံးတာ။ အဲ့အကြောင်းအချက်အလက်ကိုငါပြီးမှပို့ပေးမယ်။ အဲ့ပို့စ်တင်ပြီးတစ်နာရီတောင်မပြည့်သေးဘူး နိုင်ငံသားတော်တော်များများက ပို့စ်ကိုလိုက်ကြရော။ တကယ်လို့ငါသာမမှားဘူးဆိုရင် အဲ့တာတွေကအကောင့်တုတွေပဲဖြစ်လိမ့်မယ်။ အကြောင်းအရင်းကပူနွေးလည်းလာရော ဒုတိယပို့စ်ကပိုပြီးမြန်မြန်တင်တာ ပုံတွေတောင်ပါသေးတယ်။ အဲ့ပုံတွေက ကောလဟာလဖြန့်ဖို့လုပ်ထားတာတွေဆိုတာ အရမ်းသိသာတယ်။

[ချင်းရွှေ]: အဲ့တာကိုဘယ် website မှာတင်ထားတာလဲ?

[DucklingLi]: အဲ့တာကအရောင်းအဝယ်ကုမ္ပဏီတစ်ခုရဲ့လမ်းညွှန်မှာ။ ငါမင်းကိုနာမည်လည်းပို့လိုက်မယ်။ 

သူလိုသမျှကိုသိပြီးသည့်နောက် ချန်းနင်လည်းလိုင်းဆင်းသွားကာ သူ့ဖုန်းကိုယူ၍ယွီရှန်းဆီခေါ်တော့သည်။

ဖုန်း၏တခြားတစ်ဖက်တွင်တော့ ခပ်သြသြနှင့် ပင်ပန်းနေမှန်းသိသာသောအသံကိုကြားနိုင်၏။

"ဟယ်လို ချန်းနင်"

ချန်းနင်ကမျက်မှောင်ကြုံ့ရင်းမေးလာ၏။

"ခင်ဗျားအလုပ်များနေတုန်းလား?"

"အင်း"

ယွီရှန်းကသူ၏နာကျင်ကိုက်ခဲနေသော မျက်ခုံးကိုဖိနှိပ်လိုက်မိသည်။

"မင်းနေ့လည်စာစားပြီးပြီလား?"

"စားပြီးပြီ။ ခင်ဗျားရော?"

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now