38.3

5.7K 844 29
                                    

U••

အဲ့လူတွေကယင်မိသားစုကလူတွေဆိုတာ သူတို့ကွန်ပျူတာဖန်သားပြင်ကနေမြင်နိုင်သည်။ အဲ့တာအပြင်ကို သတ်လတ်ပိုင်းလူကြီးတွေနဲ့ လူငယ်တွေအများကြီးရော၊ ကျန်တာကတော့ စာအုပ်တွေ၊ကင်မရာတွေကိုင်ထားပြီး ဓာတ်ပုံတဖြတ်ဖြတ်ရိုက်နေတဲ့ သတင်းထောက်တွေပေါ့။

အဲ့လူတွေအကုန်လုံးက ကြက်သေသေနေကြပြီး သတင်းထောက်တွေဆီက ကင်မရာတွေကသာ ဆက်လက်အသက်ဝင်နေကြတော့သည်။ လင်ကျင်းရှန်၏မိဘများက သတိအမြန်ဝင်လာသည့်ပထမဆုံးလူများဖြစ်ကာ လင်ကျင်းရှန်ဆီသွား၍ ယောက်ျားနှစ်ယောက်ကြားမှ သူမကိုဆွဲထုတ်ကြတော့သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က သူမကိုဆွဲထုတ်လို့မရနိုင်။ ထိုအစား သူတို့သမီးအပေါ်မှလူဆီကသာအတွန်းထုတ်ခံလိုက်ရကာ ပြောစရာစကားမဲ့သွားတော့သည်။ ထို့နောက်တွင်တော့ အခြားမိဘများပါဝင်ရောက်၍ လင်ကျင်းရှန်ကိုဝိုင်းကူဆွဲကြရတော့၏။

တစ်ခဏလောက်ထိုမြင်ကွင်းကဗရုတ်သုတ်ခပါပင်။ အခန်းငယ်လေးအတွင်း၌ လူအများအော်ဟစ်၊ တွန်းတိုက်၍ ဆဲဆိုကာ တစ်ယောက်နှင့်တစ်ယောက်အပုတ်ချလျက်။ ဆံပင်တွေလဲဖွာလန်ကြဲ၊ ဖိနပ်တွေပါပျောက်ကုန်ကာ အဝတ်အစားတွေလဲစုတ်ပြဲလျက်။ ဘယ်အစ်ကိုကြီးရဲ့အံကပ်ကပြုတ်ကျပြီး ယင်ဟောက်ဖင်နှစ်လုံးကြားထဲ သွားကျတယ်ရယ်မသိ၊ သူရဲ့ရူးရူးသွပ်သွပ် အပေါ်အောက်လှုပ်ရှားနေမှုတွေကြောင့် တစ်ယောက်ယောက်ကထိုနေရာကိုကိုက်နေသလိုပင်ဖြစ်နေတော့သည်။ ၎င်းကသူမည်မျှမိုက်မဲကြောင်းပင် ပြောဖို့မလိုတော့။

ချန်းနင်မထိန်းနိုင်တော့ပဲအသံထွက်ကာ ရှန်ယွီရှန်းရင်ခွင်ကိုမှီရင်း မျက်ရည်ထွက်သည်အထိရယ်နေမိတော့သည်။ ရှန်ယွီရှန်းသည်လဲ ခပ်ဟဟရယ်ရင်း ဟယ့်ချန်းနင်၏ကျောပြင်လေးကိုပွတ်ပေးနေ၏။ အရယ်လွန်၍ချောင်းဆိုးကာ လည်ချောင်းနာမည်ကိုစိုးရိမ်သဖြင့်၎င်းကဆိုသည်။

"ကောင်းပြီ လိမ္မာတော့။ အရမ်းမရယ်နဲ့ဦး။ ချောင်းမဆိုးမိအောင်ဂရုစိုက်"

ဟယ့်ချန်းနင်က တဟားဟားရယ်ရင်းဖြင့်ဆိုလေသည်။

"အိုက်ယား ဒါကအရမ်းရတယ်။ ကျန်းကျီ ကြည့်! ယင်ဟောက်တင်ပါးပေါ်က အံကပ်တွေကိုကြည့်ဦး။ hahaha အဲ့တာကအရမ်းရယ်ရတယ်။ ကျွန်တော်ရီသေတော့မှာပဲ အာ hahaha!!

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now