43

4.5K 675 18
                                    

U••

[ခင်ဗျားပြောနေတာအမှန်ပဲလား?!!]

ကိုယ်ရေးကိုယ်တာကိစ္စနှင့် ကိုယ်ရေးကိုယ်တာ ကံကြမ္မာ မုန်တိုင်းများအားလုံး ပြေလည်သွားခဲ့ချေပြီ။

ဟယ့်ချန်းနင် ၏ စာအုပ်ကိုလည်း နိုင်ငံခြားထုတ်ဝေသူများမှ ထုတ်ဝေခဲ့ပြီး ရောင်းချပြီးဖြစ်သည်။ ဟယ့်ချန်းနင် ပိုက်ဆံတွေအများကြီးရှာနိုင်ပြီမို့ပျော်ရွှင်နေ၏။

'ကျွန်ုပ်၏ကမ္ဘာ- ၂´ ၏ စာမူသည်လည်း ၎င်း၏အဆုံးသတ်ရန်နီးကပ်လာပြီ။ ဤအချိန်ကာလ၌ ဟယ့်ချန်းနင် သည် ပို၍ပို၍ပျင်းလာသည်ဟု ခံစားလာရပြီး သူ့အလုပ်ကို နေ့တိုင်း ပြီးမြောက်ဖို့ပင်ခက်ခဲလာ၏။  ပြောရရင် သူက ဝက်နှင့်တူသော ဘဝတစ်ခုကို စတင်နိုင်လောက်အောင် စားသောက်ရင်းနေခဲ့သည်လေ။  သူ့ခန္ဓာကိုယ်က အရမ်းဝိုင်းနေပြီး ဗိုက်ကလေးပေါ်၌  ပျော့ပျောင်းသောအသားအလွှာလေး ရှိနေပြီဖြစ်သောကြောင့် နေ့တိုင်း ဟယ့်ချန်းနင် သည် ရှန်ယွီရှန်း အား သူ့ကိုယ်အလေးချိန်တက်လာသည်ကို ကွန်ပလိန်းတက်နေလျက်။ သူ့ပုံပန်းသဏ္ဍာန်ကို ဂရုစိုက်တဲ့ ဟယ့်ချန်းနင် အတွက်တော့ သူ့ခန္ဓာကိုယ်ပေါ်က အဆီတွေကို သည်းခံနိုင်စွမ်းမရှိပါချေ။

ရှန်ယွီရှန်း ကဘာမှမပြောပဲ အမြဲနှုတ်ဆိတ်နေခဲ့သည်။ သူ့ပုံနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးပေမယ့် ပိုင်မော့ဆီကို မကြာခဏ စစ်ဆေးဖို့တော့ ခေါ်သွားတတ်၏။  ဟယ့်ချန်းနင် က ဘာ့ကြောင့် စစ်တာလဲလို့ မေးတိုင်း၊ ဒါမှမဟုတ် စစ်ဆေးတဲ့အခါတိုင်း၊ ရှန်ယွီရှန်း က အကြောင်းအမျိုးမျိုးပေး၍ ဝေ့လည်ကြောင်ပတ်လုပ်တတ်သည်ပင်။

ထိုနေ့တွင်၊ ရှန်ယွီရှန်း သည် ဟယ့်ချန်းနင် ၏ ဆေးစစ်ချက်အစီရင်ခံစာကိုရယူရန် ပိုင်မော့ ၏နေရာသို့ တစ်ဖန်သွားရောက်ခဲ့သည်။ ဟယ့်ချန်းနင် က ရှန်ယွီရှန်း၏လှည့်စားခြင်းကိုခံရသည့်အချိန်တိုင်း ပိုင်မော့က သည်းမခံနိုင်တော့ချေ။ ဤကိစ္စကို အကြာကြီးထိန်းထားနိုင်မည်လဲမဟုတ်သည်လေ။

"ယွီရှန်း ၊ မင်း ဒီအကြောင်းကို ချန်းနင် ကို ဘယ်တော့မှပြောပြဖို့စီစဉ်နေတာလဲ? မင်းဒါကို အကြာကြီး ဖုံးကွယ်ထားဖို့ဆိုတာမဖြစ်နိုင်ဘူး... မကြာခင် သူ့ဗိုက်က ပူဖောင်းလို ဖောင်းလာမှာ... အမြွှာတွေက သာမန် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထက်တောင် အများကြီး ပိုကြီးလာလိမ့်မယ်"

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Kde žijí příběhy. Začni objevovat