42

5K 648 26
                                    

U••

[ယင်မိသားစု၏အဆုံးသတ် - ၄] 

ခေါင်းဆောင်၏ အမိန့်ဖြင့် အရူးကို ရဲကားထဲသို့ ခေါ်ဆောင်သွားကြတော့သည်။

မင်္ဂလာဧည့်ခံပွဲရှိလူများ အခုမှသာ အသက်ရှူနိုင်ကြတော့၏။ ပင်ပန်းမှု၊ ထိတ်လန့်မှုနှင့် စိုးရိမ်သံသယတို့က မျက်နှာပေါ်အထင်းသား။ သူတို့တွေကြုံခဲ့ရသည်က အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်လေ။

ချမ်းသာတဲ့သူတွေရဲ့ စိတ်အခြေအနေကို ရဲတွေက ဂရုစိုက်မနေဘူး။ ဒီလိုဖြစ်လာတဲ့အခါ ယင်မိသားစုက အပြည့်အဝတာဝန်ယူရမှာပဲလေ။  ဘယ်လိုတာဝန်ယူရမယ်ဆိုတာတော့ သူတို့ကိုယ်တိုင် ဖြေရှင်းရမဲ့ကိစ္စပဲ။

ဦးစီးရဲက ဖမ်းဝရမ်းကို ယူလိုက်ပြီး ယင်ဟောက် ရှေ့လျှောက်သွား၏။ 

"ယင်ဟောက်၊ လိမ်လည်မှုနဲ့ ထောင်ချောက်ဆင်မှု သံသယရှိတာကြောင့် အခု မင်းကိုတရားဝင်ဖမ်းဆီးလိုက်ပြီ" 

ဝှေ့ယမ်းပြီးနောက် လက်ထိတ်ကို ချက်ချင်းထုတ်ကာ ယင်ဟောက်ကို တင်းကြပ်စွာ လက်ထိပ်ခတ်လိုက်သည်။

မစ္စယင်ကချက်ချင်းဆိုသလို ရှေ့ထွက်လာကာ ရဲတွေကို ဆွဲထားရင်းဆို၏။

"နင်... နင်တို့ ဘာလုပ်ကြတာလဲ? ငါ့မြေး ဘာမှမလုပ်ပဲ ဘာလို့ ဖမ်းတာလဲ။ သူ့ကို လွှတ်ရင်လွှတ်၊ မဟုတ်လို့ကတော့ ပိုင်နက်ကျူးကျော်မှုနဲ့ အပြစ်မဲ့သူတွေကို တရားမ၀င် ဖမ်းဆီးမှုနဲ့ နင်တို့ကိုငါတရားစွဲမယ်"

အဘွားကြီး၏ စကားကိုကို နားထောင်ရင်း ဒီအဘွားကြီးက များစွာသိနေသေးကြောင်း ရဲ၏ စိတ်ထဲတွင် အံ့ဩသွားမိသော်လည်း ကံမကောင်းစွာဖြင့် သူမက နေရာ မှားသုံးမိနေခဲ့သည်လေ။ မျက်နှာပေါ်၌ လေးနက်သော အမူအရာဖြင့် သူကဆို၏။

"မဒမ်... ကျွန်တော်တို့တာဝန်တွေကို ထပ်ပြီးမထမ်းဆောင်နိုင်အောင် မင်းတားဆီးရင်တော့ ကျွန်တော်တို့နဲ့လိုက်ခဲ့ဖို့ပဲ ပြောရတော့မှာပဲ"

အဘွားကြီးက ချက်ခြင်း နောက်ပြန်ဆုတ်သွားသော်ငြား...

"နင်ကအမှန်အမှားကိုမခွဲခြားပဲ လူတွေကို သိမ်းကျုံးဖမ်းနေတာ ငါနင့်ကို တရားစွဲဦးမယ်၊ စောင့်နေလိုက်!" ဟု ပါးစပ်က အော်နေသေးသည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now