12

9.7K 1.4K 52
                                    

U••

[ယင်မိသားစုကြားမှ စကားလုံးတိုက်ပွဲများ]

ယယ့်ချန်းနင်ကဂရုမစိုက်စွာဖြင့် ပခုံးတွန့်ပြသည်။

"ခင်ဗျားစိတ်ဆုံးဖြတ်ပြီးသွားပြီဆိုရင် ကျွန်တော့်ကိုချက်ချင်းလာအသိပေးနော်"

ယင်မိသားစု၏တွန့်လိမ်နေသောမျက်နှာထားများကို လုံးလုံးလျားလျားလျစ်လျူရှုလျက် သူကထရပ်ကာ အခန်းဆီသို့ဦးတည်လိုက်တော့သည်။

"အာ ဟုတ်သားပဲ ကျွန်တော်ရှေ့နေတစ်ယောက်ရှာပြီးပြီ... သူမနက်ဖြန်လာလိမ့်မယ် တစ်ချက်ကြည့်ပြီး ဘာငြင်းစရာမှမရှိဘူးဆိုရင် လက်မှတ်ထိုးဖို့မမေ့နဲ့နော်"

ပြောပြီးသည့်နောက် တစ်ချက်ပင်လှည့်မကြည့်တော့ပဲ လှည့်ထွက်သွားတော့သည်။

အကြီးအကဲယင်ကဒေါသကြောင့်ဆွေ့ဆွေ့ခုန်နေကာ ချန်းနင်ကမည်မျှအသည်းမာကြောင်း၊ သိက္ခာမရှိကြောင်း၊ စက်ဆုပ်ဖွယ်ကောင်းကြောင်းများကို အော်ဟစ်၍ဆဲဆိုနေ၏။သူမကမမောနိုင်မပန်းနိုင်ဖြင့် သုံးရက်၊သုံးညတိုင်တိုင် အော်ဟစ်နေမည်ဆိုလျှင်တောင် ဘာမှပြောင်းလဲလာတော့မည်မဟုတ်ချေ။

ူယင်ကျိနျန်က ခေါင်းကိုငုံ့ရင်းဖြင့် ဘာတစ်ခွန်းမှပြောမလာခဲ့။ အမှန်၌လည်း သူအခြေအနေအားလုံးကိုနားလည်နေခဲ့ပြီးပြီဖြစ်ကာ မဒမ်ရှန်နှင့်သခင်လေးတို့က ချန်းနင်၏လက်ဖွဲ့လက်ဆောင်များကိုယင်မိသားစုအားဝင်ရောက်စွက်ဖက်ခွင့် ပြုမည်မဟုတ်ချေ။ ချန်းနင်သည်လည်း သူတို့အားထိုစီးပွားရေးလုပ်ငန်းများကို စီမံခိုင်းဖို့အစီအစဉ်မရှိပုံပင်။ ထို့ကြောင့် သူတို့ဘယ်လောက်ငြင်းခုန်နေပါစေ ဘာမှပြောင်းလဲလာမည်မဟုတ်ပေ။ သူ့အမေနှင့်ဇနှီးက သူ့ကိုမည်မျှဖိအားပေးသံကုန်ဟစ်နေစေကာမူ ကိစ္စများအားဖြေရှင်းနိုင်တော့မည်မဟုတ်။ ထိုအစား ၎င်းကချန်းနင်ကိုသူတို့နှင့်အဝေးသို့တွန်းပို့နေမိစေကာ ပိုဆိုးပါက ပြုပြင်လို့မရသည့်အခြေအနေထိပင်ရောက်သွားနိုင်၏။ ဤအဖြစ်အပျက်တစ်ခုလုံး၌ ချန်းနင်ကသူ့ကိုအသိပေးချက်တစ်ခုပေးနေကြောင်း သူကောင်းကောင်းကြီးခန့်မှန်းနိုင်ခဲ့သည်ပင်။ ထိုသည်ကား သူ(ဟယ့်ချန်းနင်)တစ်ယောက် ယင်မိသားစုမှတစ်ခေါက်ထွက်သွားပြီးသည်နှင့် မည်သည့်အခါမှပြန်လာတော့မည်မဟုတ်ကြောင်း။ သူသည်ကား သားဖြစ်သူကိုလုံးလုံးလျားလျားဆုံးရှုံးခဲ့ရချေပြီ။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now