46

7.5K 744 42
                                    

U••

[ဟယ့်မိသားစုမှလူများ]

ကိုယ်ဝန်နှစ်လရှိသောအခါ မစ္စရှန်းက ဖန်းကျင်းဗီလာသို့ ရောက်လာသည်။ အဲဒီမတိုင်ခင်က ရှန်ယွီရှန်း က အမျိုးသမီးကြီးကို ပြောထားပြီးသားဖြစ်ပြီး သူကဗြောင်ကျကျပင် ဖုံးကွယ်ထားတာမျိုးမရှိပါချေ။ အဘွားအိုသည်ကား နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည့်တိုင် တစ်ချို့အရာတွေကို သာမန်လူငယ်တွေထက် ပိုမြန်မြန်ပင်လက်ခံခဲ့၏။ ဟယ့်ချန်းနင် ကို ဘီလူးတစ်ကောင်လို ဆက်ဆံမယ့်အစား သူမမ်က္လုံးထဲမွာ မျက်ရည်တွေ ပြည့်နေခဲ့သည်ပင်။ ရွန္မိသားစု၌ ဟယ့်ချန်းနင် ကဲ့သို့သော မြေးသားမက်ကောင်းကောင်းလေးရပြီး ရှန်ယွီရှန်းအတွက်လဲ ချန်းနင်နှင့် လက်ထပ်ရသည်မှာကား ကောင်းချီးတစ်ခုပင်ဖြစ်ကြောင်း ၎က ဆက်လက်ပြောခဲ့သည်။  အတိုချုပ်ပြောရလျှင် သူမသည်ကား ဝမ်းသာလွန်း၍စကားများအဆက်အစပ်မရှိပင်ပြောဆိုနေတော့၏။

ထိုအချိန်မှစပြီး ရက်အနည်းငယ်ကြာတိုင်း အဘွားကြီးသည် အရသာရှိသောအစားအစာများစွာဖြင့် ဟယ့်ချန်းနင် ကို လာတွေ့ပြီး အလွန်ကြောက်စရာကောင်းသော အော့အန်ခြင်းကို သိပြီးသည့်နောက် အော့အန်ခြင်းကို ရပ်တန့်ရန် နည်းလမ်းများစွာကို တွေးတောနေပါသေးသည်။  သို့သော် ထိုနည်းလမ်းများက ဟယ့်ချန်းနင် အတွက်အန္တရာယ်ဖြစ်စေမည်ကိုလဲစိုးရိမ်သဖြင့် မသုံးဝံ့ပြန်ချေ။  ထိုသို့သော စိတ်ဆင်းရဲစရာ အခြေအနေဖြင့် သူမသည်လည်း ဟယ့်ချန်းနင် နှင့်အတူလိုက်ပါခံစားပေးနေရတော့သည်။

ယခု ကိုယ်ဝန်သတ္တမလသို့ရောက်လာချေပြီ။ ရှန်ယွီရှန်း  အလုပ်မှထွက်ပြီး ဟယ့်ချန်းနင်အားအိမ်တွင်အဖော်ပြုပေးရင်း တတ်နိုင်သမျှနည်းမျိုးစုံနှင့်သူ့ကိုဂရုစိုက်ပေးနေတော့သည်။

ကိုယ်ဝန်သတ္တမလမှစပြီး အော့အန်ခြင်း၏ လက္ခဏာများမှာ အလွန်နည်းလာသည်။ သူနောက်ပိုင်း မအန်တော့ဘူး။ ဟယ့်ချန်းနင် ရဲ့ ခန္ဓာကိုယ်ကလဲ ပိုကောင်းလာတယ်။  ပင်ပန်းနွမ်းနယ်မှုတွေ၊ အားနည်းမှုတွေမရှိတော့တဲ့အလျောက် သူ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ဝဖြိုးလာကာ အစာစားချင်စိတ် ရှိလာတာနဲ့အမျှ ဗိုက်ဟာ သာမန်မျက်စိနဲ့ မြင်နိုင်တဲ့နှုန်းနဲ့ ကြီးထွားလာပါတော့သည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now