45

4.8K 639 14
                                    

U••

[ကိုယ်ဝန်ဆောင်ခင်ပွန်းသည်၏နေ့စဉ်ဘဝ]

ဟယ့်ချန်းနင် သူ၏ကိုယ်ဝန်ကိုလက်ခံလိုက်ပြီးသည့်နောက် လုံးလုံးစိတ်သက်သာရာရသွားကာ ရှန်ယွီရှန်း သည်လည်းသက်ပြင်းချနိုင်တော့သည်။ သူက သူ့ဇနီးနှင့်သားနှစ်ယောက်ကို ပြုစုဖို့အတွက် အချိန်ပိုပေးနေခဲ့၏။

မနက်တိုင်း၊ ရှန်ယွီရှန်းက အိပ်ရာကနေ အရင်ထတယ်။ ပြီးရင် သူ့ဇနီးကို အိပ်ရာထဖို့ ကူညီပေးဖို့ ဘေးမှာရပ်စောင့်ရင်း ဇနီးလေးက မျက်နှာသစ်ဖို့သွားတဲ့အချိန် ဖြည်းဖြည်းချင်းသတိထားတွဲပေးလေ၏။

မျက်နှာကိုသစ်ပေးခြင်း၊ သွားတိုက်ဆေးညှစ်ပေးခြင်း၊ မျက်နှာသုတ်ပုဝါကိုပြင်ဆင်ပေးခြင်းတို့အပြင် ၎င်းမလုပ်ပေးသည်က သွားမတိုက်ပေးခြင်းသာကျန်တော့မည်။ 

ရေချိုးပြီးရင်တော့ သူ့မိန်းမကို ရှူးရှူးပေါက်ချင်လားဟု လှိုက်လှိုက်လှဲလှဲ မေးမည်။  ဇနီးသည်က ဒီလိုလုပ်ဖို့ရည်ရွယ်ချက်ရှိသရွေ့ သူ့ဘောင်းဘီကို လက်နဲ့ချွတ်ပေးပြီး လက်တစ်ဖက်ကခါးကိုဖက်ကာ ငှက်ကလေးကို လက်တစ်ဖက်နဲ့ ကိုင်ထားရင်း ရှူးရှူးတည်ပေးလိမ့်မည်။ သူ့မျက်နှာကတော့ သဘာဝအတိုင်း ဘာအမူအရာမှမရှိ။ သူက သူ့မိန်းမ အဆင်မပြေမှာစိုးလို့ မျက်နှာကို ရည်ရွယ်ချက်ရှိရှိ တစ်ဖက်တောင်လှည့်ထားပေးသည်။ ဇနီးလေးပြီးရင် သူကငှက်ကလေးကိုလှုပ်ပေးဖို့တောင်မမေ့ဘူး။ ရေစိုဝတ်နဲ့ပါသုတ်ပေးနေသည်မို့ ချန်းနင်ခမျာရှက်ရွံ့နေရ၏။  ရှန်ယွီရှန်း ၏ ကိုယ်ရေးကိုယ်တာ service များကြောင့် ဇနီးမောင်နှံနှစ်ယောက် နေ့တိုင်း ငြင်းခုံနေကြရသည်ပင်။ သို့သော်လည်း ဟယ့်ချန်းနင် ကဘယ်လောက်ဖြောင့်ဖြစေကာမူ ရှန်ယွီရှန်းဆီမှာ သူ့အား ငြင်းဆိုရန် အကြောင်းပြချက်တစ်သောင်းရှိစမြဲ။ ထို့ကြောင့် တစ်နေ့လျှင် အကြိမ် ရှစ်ရာလောက် ရလဒ်မထွက်သည့် ဆူညံပွက်လောရိုက်မှုများအပြီးတွင်တောင် ရှန်ယွီရှန်းက သူ့ကိုဒီတိုင်းဆက်ဆံနေဆဲပါပင်။

သူကဇနီးလေးအတွက် သက်တောင့်သက်သာရှိတဲ့ ချည်တီရှပ်တစ်ထည်ကို ထုတ်ပေးပြီး ခါးသရေကြိုးလျှော့ပေးထားသည့် ဘောင်းဘီတိုတစ်ထည်ကိုလည်း ရွေးချယ်ဝတ်ဆင်ပေးလေသည်။ ထို့နောက် ဇနီးဖြစ်သူကို မနက်စာစားရန် အောက်ထပ်ကို ဖြည်းဖြည်းချင်းဆင်းဖို့ ကူညီပေးသည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now