9

9.6K 1.5K 60
                                    

U••

[ကျွန်ုပ်တို့သနားခဲ့ကြသည့်ဟယ့်ချန်းနင်]

အကြီးအကဲယင်ကသူမ၏လည်ချောင်းကိုရှင်းကာ

"ဒီလိုပါ ကျွန်မတို့တွေးနေတာက ချန်းနင်ကသခင်လေးကိုလက်ထပ်တော့မယ်ဆိုတော့ ကျွန်မတို့အားလုံးလည်း မိသားစုတွေဖြစ်လာကြတော့မှာလေ...အဲ့တာကြောင့် ကျွန်မတို့သူစိမ်းတွေလိုတစ်ယောက်နဲ့တစ်ယောက်မဆက်ဆံသင့်ဘူး... ချန်းနင်အတွက်တင်တောင်းတဲ့လက်ဆောင်ကို မဒမ်ရှန်ကိုပဲကျွန်မတို့လည်းဆုံးဖြတ်စေချင်တာပေါ့...အဲ့တာကဒီတိုင်း..."

"စိတ်ထဲရှိတာပြောလို့ရပါတယ်"
မဒမ်ရှန်ကတုန့်ပြန်၏။

စိတ်ငြိမ်ဆေးအပေးခံလိုက်ရသကဲ့သို့ အကြီးအကဲယင်ကလည်း ထပ်မံ၍ယဉ်ကျေးမနေတော့ချေ။

"ဒါကဒီလိုပါ...ကျိနျန်ရဲ့ကုမ္ပဏိကအခက်အခဲနည်းနည်းရင်ဆိုင်နေရတာ... ကျွန်မတို့ရှင်တို့ဆီကအကူအညီတောင်းလို့ရမလား? ဒီလိုတောင်းဆိုမှုမျိုးကရိုင်းတယ်ဆိုတာ ကျွန်မသိပါတယ် ဒါပေမဲ့လည်း ချန်းနင်ကရှန်သခင်လေးကိုလက်ထပ်တော့မှာဆိုတော့ ကျွန်မတို့အားလုံးကမိသားစုတွေပဲလေ... မိသားစုစီးပွားရေးကအဆင်ပြေနေတယ်ဆိုရင် ချန်းနင်လဲဂုဏ်ယူမှာပဲ... အဲ့တာကြောင့်... အမ်.. ကျွန်မတို့က ခမည်းခမက်တွေကိုပဲဒုက္ခပေးရတော့မှာပဲ"

ချန်းနင်ကရုတ်တရပ်အရွဲ့တိုက်လာသည်။

"အဖွားကအရမ်းအတွေးလွန်နေပါပြီ... မဒမ်ရှန်နဲ့ရှန်မိသားစုအတွက်အခုကျွန်တော်ကဘာမှမဟုတ်ပါဘူး"

ချန်းနင်ဆီမှဆန့်ကျင်ခံလိုက်ရသောကြောင့် အကြီးအကဲယင်၏မျက်နှာကရုတ်တရပ်ဆိုသလို အရုပ်ဆိုးသွားရသည်။

"ချန်းနင်..မင်းမမေ့လိုက်နဲ့...မင်းရဲ့မျိုးရိုးနာမည်က ဟယ့်ဆိုပေမဲ့ မင်းကိုယ်ထဲကသွေးတွေကယင်မိသားစုနဲ့လည်းသက်ဆိုင်တယ်"

"အဲ့တာဆိုယင်မိသားစုကျွန်တော့်ကိုပေးထားတဲ့သွေးတွေဖောက်ထုတ်လိုက်ရင်ရောဘယ်လိုလဲ?"

အကြီးအကဲယင်ကသူမ၏ဖြူဖတ်ဖြူရော်လက်ဖြင့် စားပွဲကိုရိုက်ချလိုက်တော့သည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now