18

9K 1.3K 34
                                    

U••

[ဒါကပဲနည်းလမ်းမှန်ဖြစ်နေခဲ့တာလည်းဖြစ်နိုင်ပါတယ်]

ရှန်ယွီရှန်းကချန်းနင်၏လက်ကိုကိုင်ထားရင်းဖြင့် နှစ်ဦးသားတိုင်ပင်စရာတောင်မလိုပဲအပေါ်ထပ်သို့တက်လာခဲ့ကြသည်။

"ချန်းနင်ရဲ့အခန်းထဲ ကိုယ့်ကိုအလည်လာခွင့်ပြုနိုင်မလား?"

သူကလူငယ်လေးထံမှအာရုံစိုက်မှုကိုအပြည့်အဝယူချင်နေကာ ခုနကရရှိခဲ့သည့်နာကျင်မှုများကိုမေ့ပျောက်စေဖို့မျှော်လင့်မိနေပေသည်။

ချန်းနင်ကလည်းဤလူသား၏ဂရုစိုက်မှုကိုသတိမထားမိပဲမည်သို့နေနိုင်မည်နည်း။ ထို့ကြောင့်လည်းသူကပြုံးလျက်ဖြေလာ၏။

"ခင်ဗျားစိတ်မရှိဘူးဆိုရင်ပေါ့... ဒီလမ်းပါ"

လက်ကိုဆန့်ထုတ်လိုက်ရင်းဖြင့် သူ့အခန်းဆီသို့ညွှန်ပြသည့်အမူအရာကိုလုပ်လေသည်။

ချန်းနင်ကယွီရှန်းကိုသူ့အခန်းထံသို့ခေါ်လာ၍ ပတ်ပတ်လည်ကိုလိုက်ပြခဲ့၏။

"အဲ့တော့ ဘယ်လိုနေလဲ?"

ချန်းနင်၏အခန်းပြင်ဆင်ပုံနှင့်အရောင်ကိုယွီရှန်းအလွန်သဘောကျသည်။ ၎င်းကရိုးရှင်း၍သက်သောင့်သက်သာဖြစ်လှ၏။

"မင်းရဲ့အခန်းကတကယ်ကောင်းတယ်... ဒီမှာနေတဲ့ဘယ်သူမဆိုသက်သောင့်သက်သာဖြစ်မှာပဲ"

သူတို့လသာဆောင်သို့ရောက်သည့်အခါတွင်တော့ ချန်းနင်ကယွီရှန်းကိုဆွဲကာ နှစ်ယောက်ဘေးချင်းကပ်၍ထိုင်မိကြသည်။

"ကျွန်တော်ဒီမှာထိုင်ပြီးနေပူစာလှုံရင်းစာဖတ်ရတာကိုကြိုက်တယ်"

"အင်း...အဲ့တာကကောင်းမှာပဲ... မင်းကတကယ်ဘဝကိုဘယ်လိုပျော်အောင်နေရမလဲဆိုတာသိတဲ့လူပဲ"

"haha...အဲ့တာကဒီတိုင်းဝါသနာလေးတစ်ခုပါပဲ"

လက်နှစ်ဖက်ကမြဲမြံစွာဆုပ်ကိုင်ထားသည့်အလျောက် လသာဆောင်၏နံရံကိုမှီကာထိုင်နေရင်းဖြင့် ယွီရှန်းကချန်းနင်ကိုသူ့ရင်ခွင်ထဲသို့ဖြည်းညှင်းစွာဆွဲသွင်းလိုက်လေသည်။ လူငယ်လေးကသူ့ကိုမငြင်းဆန်သည်ကိုမြင်တော့ ယွီရှန်းကတင်းတင်းလေးဖက်လိုက်မိ၏။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now