6

10.2K 1.4K 57
                                    

U••

[ရှန်သခင်လေး၏ထူးဆန်းသောအပြုံး]

**

MC မိသားစု *

MC - ဟယ့်ချန်းနင်
အေမ - ဟယ့်မင်လန်
အေဖ - ယင်ကျိနျန်
မိထွေး - ချုန်းမင်
အဖြား - အကြီးအကဲယင်
အေဖတူမေအကြဲ ညီအစ္ကိုမ်ား - ယင်ဟောက် နှင့် ယင်ကျွင်း
အိမ်အကူ - အန်တီချင်

ML မိသားစု *

ML - ရှန်ယွီရှန်း
အေဖ - ရှန်ကော်ကျန်း
အေမ - ချိုးဟွေလင်း
အဖြား - မဒမ်ရှန်

**

နှစ်ရက်ဟူသည့်အချိန်ကာလက လျင်မြန်စွာဖြင့်ကုန်ဆုံးသွားခဲ့သည်။

တည်နေရာ: ရှန်အဖွဲ့အစည်း၏လက်အောက်မှ ကြယ်ငါးပွင့်အဆင့်ဟိုတယ်တစ်ခုတွင်။

အထက်တန်းဆန်သည့် Private စားသောက်ဆိုင်ထဲ၌ ရှန်ယွီရှန်းတစ်ယောက် ပျင်းရိစွာဖြင့်ထိုင်လျက်၊ အဖက်မလုပ်သည့်မျက်နှာထားဖြင့် လက်ထဲမှလက်ဖက်ရည်ခွက်ကိုဆော့ကစားနေလေ၏။

အကြီးအကဲရှန်ကတော့ လက်ထဲမှလက်ဖက်ရည်ခွက်ကိုကိုင်ရင်း ဖြည်းညှင်းစွာသောက်နေလေသည်။ သူမနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည်က သူမ၏သား ရှန်ကော်ကျန်းနှင့် ဇနီးဖြစ်သူ ချိုးဟွေလင်းတို့ပင်။ နှစ်ယောက်လုံးကလည်း လက်ဖက်ရည်သာသောက်နေကြသည်မို့ လက်ဖက်ရည်စုပ်သောက်နေသည့်အသံများသာ တစ်ခန်းလုံး၌ကြားရသည်။

ဆယ်မိနစ်ခန့်ကြာပြီးသည့်နောက်တွင်မူ ဝိတ်တာကောင်မလေး၏ညွှန်ပြမှုဖြင့် အကြီးအကဲယင်နှင့်သူမ၏သား ယင်ကျိနျန် ဇနီးချုန်းမင်၊ နောက်ဆုံး၌ ဟယ့်ချန်းနင်ကလိုက်လာကာ private အခန်းငယ်လေးထဲသို့ဝင်လာကြသည်။

တွေ့ဆုံမှုအတွက် အကြီးအကဲယင်ကသူ့သားနှင့်ဇနီးဖြစ်သူတို့အား တခြားသူများထံမှအထင်အမြင်သေးမခံရဖို့ ကောင်းစွာဝတ်ဆင်ရန်သင်ကြားပေးခဲ့လေသည်။ ဟယ့်ချန်းနင်ကိုလည်း ယင်မိသားစုကိုအရှက်မရစေဖို့ သေချာပေါက်မှာထားခဲ့ပေသည်။

ဟယ့်ချန်းနင်ကပြုံးရုံသာပြုံး၍ စကားတစ်ခွန်းမဆိုခဲ့။ အကြီးအကဲယင်ကလည်း သူနှင့်သွားမရှုပ်လိုပေ။ ၎င်းကရည်ရွယ်ချက်ရှိရှိနှင့်သပ်သပ်ရပ်ရပ်မဝတ်ခဲ့လျှင်တောင် သူ၏ပုံစံကယင်မိသားစုမှအခြားသူများအားလုံးထက် ပို၍တင့်တယ်နေသည်ပင်။ ထို့ကြောင့်လည်း သူမကသူ၏ပုံမှန်အတိုင်းဝတ်စားဆင်ယင်ထားပုံကိုမမြင်ချင်ယောင်ဆောင်ကာ ကောင်းစွာနေထိုင်ဖို့သာအထပ်ထပ်သတိပေးလျက်။ သူလက်ခံပြီးမှအရာအားလုံးဖျက်မဆီးပစ်ဖို့ပင်ဖြစ်သည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now