3

10.5K 1.5K 62
                                    

U••

[ကျွန်တော်ရသင့်တာကိုယူမယ်]

ဟယ့်ချန်းနင်၏ ဆိုးဝါးသောစကားများက ၎င်းတို့အားကြက်သေသေသွားစေသည်။

ပိုအသက်ကြီး၍အသိဉာဏ်ကြွယ်ဝသည့် အကြီးအကဲယင်က ပထမဆုံးတုန့်ပြန်သူပင်။ ဟယ့်ချန်းနင်၏ ထူးခြားသည့်အပြုအမူများကိုမြင်ရသည်က သူမအတွက်ထိတ်လန့်တုန်လှုပ်စေခဲ့ပြီးနောက် ဟယ့်ချန်းနင်သည်ကား ယခုအချိန်ထိသူ့ကိုယ်သူဖုံးကွယ်ထားခြင်းဖြစ်ကြောင်း နားလည်သွားခဲ့ချေပြီ။ သူမနှင့်ဆယ်စုနှစ်တစ်ခုတိုင် အတူနေလာခဲ့သည့်လူတစ်ယောက်အား လုံးလုံးလျားလျားနားမလည်ခဲ့ခြင်းဖြင့်အဆုံးသတ်သွားရမည်ဟု သူမ မထင်ထားခဲ့ပါချေ။ မည်သို့ပင်ဆိုစေကာမူ ယခုပြသနာက ဟယ့်ချန်းမင်ဆန္ဒရှိသည်၊ မရှိသည်က အရေးကြီးနေပေ၏။

အသက်ပြင်းပြင်းရှုလိုက်ပြီးသည့်နောက် သူမကိုယ်သူမတည်ငြိမ်စေကာဆိုလာသည်။

"ချန်းနင်... ဘယ်လိုပဲဖြစ်ဖြစ် ယင်မိသားစုကနင့်ရဲ့အိမ်ပဲလေ... ဒီနေရာကနင့်အမေဆယ်နှစ်နီးပါးနေခဲ့တဲ့နေရာ..  နင်တကယ်ပဲဒီအိမ်အပေါ်ဘာသံယောဇဉ်မှမရှိဘူးလား? ပြောရရင် ဒီယင်မိသားစုကပဲ နင့်ကို နှစ်ပေါင်းများစွာပြုစုပျိုးထောင်လာခဲ့တာ...နင့်အဖေနင့်ကိုကျွေးမွေးလာခဲ့တဲ့ကျေးဇူးကိုဆပ်ဖို့ ဒီအခွင့်အရေးကိုယူလိုက်...တကယ်လို့နင်မှားသေးတယ်လို့ခံစားရရင် တစ်ခုခုတောင်းဆိုလိုက်..အဲ့တာကနင့်ကိုစိတ်ကျေနပ်စေမယ်ဆိုရင် ငါတို့လည်း နင့်ကိုကတိပေးဖို့ဆုံးဖြတ်ပေးမယ်"

ဤသည်မှာ လူတစ်ဦး၏အကျင့်စာရိတ္တကိုလုယက်ခြင်းနည်းလမ်းဖြစ်၍ အဆင့်အတန်းကလည်းမြင့်မားသည်။ ရုတ္တရပ္ဆိုသလို ဟယ့်ချန်းနင်စိတ်သက်သာရာရသွားတော့၏။ ဤမတော်တဆပြီးသည့်နောက်တွင်တော့ သူသည်လည်း ယင်မိသားစုနှင့်အဆက်သွယ်ရှိတော့မည်မဟုတ်ပေ။

"ကောင်းပြီ...ကျွန်တော်လက်ခံမယ်"

လူတိုင်းတစ်ယောက်နှင့်တစ်ယောက် နားမလည်စွာကြည့်မိကြတော့သည်။ အဘယ်ကြောင့် ဟယ့်ချန်းနင်ကရုတ်တရပ်ကြီးဤအစီအစဉ်ကိုလက်ခံသည်မှန်း မသိသည့်နှယ်။ သို့သော်လည်း အကြောင်းရင်းက မည်သို့ပင်ဖြစ်စေကာမူ သူလက်ခံလိုက်သည်နှင့် အရာအားလုံးကအဆင်ပြေသွားပြီပင်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now