22

9.3K 1.2K 41
                                    

U••

[မင်္ဂလာပွဲစီစဉ်ခြင်း]

ယွီရှန်းကိစ္စအချို့ဖြေရှင်းရန်ရုံးကိုပြန်လာပြီးသည့်နောက် ၇ နာရီထိုးသည်အထိအလုပ်ရှုပ်နေခဲ့သည်။ ထို့နောက်တွင်တော့ မဒမ်ရှန်ကိုဖုန်းဆက်၍ သူအဓိကအဆောက်အအုံသို့ပြန်လာမည်မဟုတ်ကြောင်းအသိပေးကာ ရှုခင်းသာတိုက်ခန်းသို့ပြန်မောင်းလာခဲ့တော့သည်။

သခင်လေးတိုက်ခန်းသို့ချက်ချင်းပြန်လာမည်မှန်း ရှောင်ဝူခန့်မှန်းထားပြီးပြီမို့ ရှန်ယွီရှန်းတံခါးဖွင့်ဝင်လာသည့်အခါ၌ သိပ်တော့မအံ့သြချေ။ မည်သို့ပင်ပင်ဆိုဆို အန်တီချင်ကတော့ shock ရသွားပုံပင်၊ သို့သော်လည်း ချက်ချင်းပင်အခြေအနေကိုနားလည်လျက် သူမကသူ့ကိုနှုတ်ဆက်ကာညစာအချို့ပြင်ပေးလိုက်၏။

ယွီရှန်းအိပ်ခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ ချန်းနင်တစ်ယောက် ပြတင်းပေါက်နားတွင်ထိုင်ကာ ညဘက်ကောင်းကင်ကြီးကိုငေးစိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည်။

ယွီရှန်း အရှိန်ကိုလျှော့ကာ သူ့ချစ်သူလေးဘေးသို့ဖြည်းဖြည်းချင်းလျှောက်သွားရင်း လက်ကိုကိုင်လျက် သူ့ဘက်သို့ညှင်ညှင်သာသာဆွဲကာဖက်လိုက်လေသည်။ ထို့နောက် ယွီရှန်းက ချန်းနင်၏ခေါင်းလေးကို တယုတယနမ်းရှိုက်ကာ. .

"ဘာတွေတွေးနေတာလဲ?"

ချန်းနင်ကအနည်းငယ်ရွေ့၍ သက်သောင့်သက်သာဖြစ်သောပုံစံကိုပြောင်းကာ တစ်ဖက်လူ၏ရင်ခွင်ထဲသို့မှီလိုက်လေသည်။

"ဘာမှမဟုတ်ပါဘူး...ဒီတိုင်းခဏလောက်စိတ်ကူးယဉ်နေတာ"

ချန်းနင်ကရှက်ရွံ့မှုများနှင့် မသက်သာဖြစ်မှုများကို သူ့ကိုရှာမတွေ့စေချင်သဖြင့် ဖုံးကွယ်ထားမှန်းယွီရှန်းနားလည်လိုက်သည်။ သူ့ချစ်သူလေးကသူ့ကိုစိတ်မပူစေချင်မှန်းသိလိုက်ရသည့်အခိုက် ယွီရှန်းနှလုံးသားထဲ၌မခံစားနိုင်လောက်အောင်ကိုက်ခဲလာ၏။ အရပ်ပိုရှည်သည့်လူကြီးက ချန်းနင်၏ဒူးအောက်သို့ လက်မောင်းကိုလျိုသွင်းကာ သူ့ကိုဆိုဖာဆီသယ်သွား၍ ပေါင်ပေါ်တွင်ထိုင်စေလိုက်သည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now