5

11K 1.4K 12
                                    

U••

[စိတ်ဝင်စားစရာကောင်းတဲ့လူ]

မြင်ကွင်းကျယ်တစ်ခုနှင့်အတူ French ပြတင်းပေါက်ရှေ့တွင် အရပ်ရှည်ရှည်လူတစ်ယောက် မတ်တပ်ရပ်နေလေသည်။

{french window ဆိုတာက ပြတင်းပေါက်လိုရောတံခါးလိုရောသုံးလို့ရတဲ့ဟာမျိုးပါ}

သူ၏ရှည်လျား၍ ဖြောင့်မတ်သောခန္ဓာကိုယ်က အထူးချုပ် suit အောက်၌ပြီးပြည့်စုံစွာတည်ရှိနေ၏။ ထို suit အောက်တွင်မူ တောင့်တင်းသောကြွက်သားများအပြည့်ဖြင့်၊ ထိုလူ၏ချောမောခန့်ညားမှုနှင့် တည်ကြည်မှုတို့အား ဖုံးကွယ်နိုင်စွမ်းမရှိပါချေ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူ၏ရှည်လျား၍ ဖြောင့်မတ်သောခန္ဓာကိုယ်က အထူးချုပ် suit အောက်၌ပြီးပြည့်စုံစွာတည်ရှိနေ၏။ ထို suit အောက်တွင်မူ တောင့်တင်းသောကြွက်သားများအပြည့်ဖြင့်၊ ထိုလူ၏ချောမောခန့်ညားမှုနှင့် တည်ကြည်မှုတို့အား ဖုံးကွယ်နိုင်စွမ်းမရှိပါချေ။

ထိုလူကအေဝးမွ အဆောက်အအုံများ၏ ဗိသုကာလက်ရာကိုသာ တစိုက်တမတ်ရှုစားနေလေ၏။ သူ့မျက်ဝန်းများတွင် အာရုံစိုက်မှုကဗလာနတ္တိ၊ အတွေးထဲ၌နစ်မြောနေသည့်ပုံစံပါပင်။

သူ့ညာဘက်မှစားပွဲပေါ်တွင်တော့ မျက်စိစွဲစေလောက်သည့် ထူထူထဲထဲအချက်အလက်ဖိုင်အချို့ရှိနေ၏။ ထိုဖိုင်၏ထိပ်ဆုံးတွင်တော့ ချောမောခန့်ညား၍ ကျက်သရေရှိလှသောယောက်ျားတစ်ယောက်၏ ဓာတ်ပုံပါသည့်စာရွက်အား မြင်တွေ့နိုင်ပေသည်။

ထိုလူက သူ့ခုံသူပြန်ထိုင်လိုက်ပြီးနောက် အကြောင်းကြောင်းကြောင့် ဓာတ်ပုံကိုကောက်ယူလိုက်လေသည်။ ထို့နောက် သြရှ၍ ဆွဲဆောင်မှုရှိသောလေသံဖြင့် မှတ်ချက်တစ်ခုပေးလာလေ၏။

"ရုပ်တော့မဆိုးပါဘူး..."

ထို့နောက်တွင်တော့ အချက်အလက်ဖိုင်များအား လှန်ရင်းဖြင့် တစ်ခုချင်းစီကိုသေချာလေ့လာနေလေသည်။ သူဖတ်လို့ပြီးဆုံးခါနီးအချိန်၌မူ internal line ကိုဖိနှိပ်လိုက်သည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now