24.1

7.8K 1K 8
                                    

U••

[မင်္ဂလာပွဲ]

ယခုအချိန်တွင်တော့ နားနေခန်းက ယင်ယောက်အမုန်းဆုံးနေရာဖြစ်လာခဲ့ချေပြီ။ သူမုန်းရုံတင်မက ဤနေရာက သူ့ကိုကြောက်ရွံ့စေ၍ အကူအညီမဲ့ကာစိတ်ရှုပ်ထွေးသွားစေသည်မှာ ယခုသူ့ခံစားချက်များကိုယောင်ပြန်ဟက်နေသည့်အတိုင်းပါပင်။

အကြီးအကဲယင်၏မျက်နှာကသိသိသာသာကိုဆိုးဝါးနေကာ သူ့မလက်ထဲမှလက်ဖက်ရည်ခွက်ကတောင် သူမကိုနွေးထွေးမှုထပ်မပေးနိုင်တော့ချေ။

"ယင်ဟောက်... မင်းရဲ့အသိဥာဏ်တွေအကုန်လုံးကိုအဲ့ကိစ္စအပေါ်အသုံးချလိုက်တာလား?"

ကိစ္စအားလုံးကသူတို့ထိန်းချုပ်မှုမှကင်းလွတ်သွားပြီမှန်းမြင်ရသည်နှင့် မည်မျှပင်ရှုံ့ချဖွယ်ဖြစ်ပါစေ၊ အပြစ်တင်ခံရသူကသူမ၏သားဖြစ်နေသည်မို့ ချုန်းမင်သိသိသာသာကြီးကိုမကျေမနပ်ဖြစ်လာကာ ဝင်ပြောတော့သည်။

"အဲ့ကိစ္စကိုအခုချိန်မှာပြောနေလို့လဲဘာမှမထူးတော့ဘူး။ အဲ့အစားဘာလို့ကျွန်မတို့ဖြေရှင်းဖို့ကိုမဆွေးနွေးတာလဲ?"

အကြီးအကဲယင်၏စူးရှသောအကြည့်များက ချုန်းမင်ကိုတည့်တည့်ထိုးဖောက်သွားတော့သည်။

"ဖြေရှင်းရမယ်? ဘယ်လိုမျိုးလဲ? ပါသမျှလူတွေကိုငါတို့ခြေရာခံလို့တောင်မရတာ ဘယ်လိုလုပ်ပြီးသွားဖြေရှင်းမတဲ့လဲ?"

"ဒါပေမဲ့... ကျွန်မတို့ဒီတိုင်းတော့ထားလိုက်လို့မရဘူးလေ?"

ချုန်းမင်သည်လည်း ဒီကိစ္စကိုကောင်းကောင်းမကိုင်တွယ်နိုင်ပါက ယင်မိသားစုတစ်ခုလုံးကိုပြသနာတက်လာစေမည်မှန်းကောင်းကောင်းကြီးသိနေသည်မို့ စိုးရိမ်ပူပန်နေရခြင်းပင်။

ချန်းနင်၏လက်ထပ်ပွဲကိစ္စဆွေနွေးပြီးကတည်းက ယင်ကျိနျန်ကပို၍အသက်အရွယ်ရလာပုံပင်။ သူကအရင်လောက်စိတ်မရှည်တော့သလို လိုအပ်သည်ထက်ပို၍အင်အားလည်းနည်းလာ၏။

"တော်လောက်ပြီ။ ရန်ဖြစ်တာရပ်တော့။ အရေးကြီးဆုံးက ချန်းနင်ကိုပြန်ရဖို့ငါတို့နည်းလမ်းရှာရမယ်။ တကယ်လို့မင်္ဂလာပွဲနေ့မှာသာ လူကိုအရောက်မပို့နိုင်ဘူးဆိုရင် ငါတို့ဘယ်လိုပြသနာမျိုးကိုရင်ဆိုင်ရမယ်လို့များမင်းတို့ထင်လဲ? အဲ့တာကိုတောင်မင်းတို့က ရန်ဖြစ်ဖို့စိတ်ကူးနိုင်သေးတယ်ပေါ့လေ?"

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now