38.1

6.3K 925 13
                                    

U••

[သေခြင်းတရား၏စည်းချက်]

ယင်ဟောက်သူ၏စိတ်လှုပ်ရှားနေမှုကိုအနည်းငယ်လျှော့ချလိုက်လေ၏။

"မိန်းကလေးလင်မှာအကြံတစ်ခုခုများရှိမလားသိဘူး။ ကျွန်တော်နားထောင်နေပါတယ်"

လင်ကျင်းရှန်ကကော်ဖီတစ်ငုံသောက်ရင်း...

"တကယ်တော့ အကြံလေးတစ်ခုတော့ရှိတယ်။ Mr.ယင်စိတ်ဝင်စားပါ့မလားတော့ ကျွန်မစိတ်ပူမိတယ်?"

"မိန်းကလေးလင်စိတ်ထဲရှိတာကိုပြောဖို့က ဘာပြသနာမှမဟုတ်ပါဘူး"

"ဟယ့်ချန်းနင်က နိုင်ငံခြားစာအုပ်တိုက်နဲ့တွေ့ပြီး သူ့စာအုပ်ထုတ်တာကိုဆွေးနွေးဖို့ ချိန်းဆိုမှုတစ်ခုလုပ်ထားတယ်လို့ကျွန်မကြားတယ်။ အဲ့တာကအခွင့်ကောင်းတစ်ခုပဲ"

လင်ကျင်းရှန်၏မျက်ဝန်းများကတောက်ပလျက်။

"ကျွန်တော်နားလည်ပြီ။ အတိအကျဘာကိုလုပ်ရမလဲဆိုတာသာ ကျွန်တော့်ကိုပြောပါ မိန်းကလေးလင်။ ခင်ဗျားကျွန်တော့်ကိုဘယ်မှာလိုအပ်လဲဆိုတာပြောဖို့မတုန့်ဆိုင်းပါနဲ့"

"Mr.ယင်ကတကယ်ကိုအမျှော်မြင်ရှိတာပဲ။ ဒါဆိုလဲကျွန်မ မယဉ်ကျေးတော့ဘူးနော်"

ထို့နောက်လင်ကျင်းရှန်က ယင်ယောက်နှင့်အတူ သူမ၏အကြံအစည်ကိုဆွေးနွေးတော့သည်။ နှစ်ယောက်သားက အစီအစဉ်မပေါက်ကြားမည့်တစ်နေရာသို့ပြောင်းလိုက်ကြ၏။ လုပ်ရမည့်တာဝန်ကို ရှင်းရှင်းလင်းလင်းခွဲပြီးသည့်နောက် နေ့လည်စာကိုပျော်ပျော်ရွှင်ရွှင်စားကာ နှုတ်ဆက်လမ်းခွဲသွားကြတော့သည်။

သာ့ကျိုးစိတ်ပူပန်စွာဖြင့်မျက်ခုံးတွန့်ချိုးလေ၏။

"သခင်လေး ဘယ်လိုထင်လဲ?"

ရှန်ယွီရှန်း၏မျက်နှာက အမူအရာကင်းမဲ့ဆဲ။ မည်သို့ပင်ဆိုစေကာမူ သူ့ခန္ဓာကိုယ်က ဒေါသကိုခံစားရလွန်းပါသဖြင့် နဖူး၌ချွေးများပင်ထွက်နေတော့သည်။

"သေရမလားရှင်ရမလားဆိုတာကိုမသိကြဘူးပဲ။ ယင်ဟောက်နဲ့ လင်ကျင်းရှန်အတွက်တစ်ခါတည်းသွားပြီး လက်ဆောင်တစ်ခုစီစဉ်ပေးထားလိုက်။ သူတို့ရဲ့ကြိုးစားမှုကိုအလဟသမဖြစ်စေနဲ့ပေါ့"

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now