𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》

7.6K 1.2K 9
                                    

My Cherry Will Explode in the Apocalypse

Chapter 5

Author: Drunken Light Song
Source: Jostena M
Translator: オタク

【Unicode 】

တစ်ပတ်ရစ်ဈေးထဲမှထွက်လာခဲ့ပြီး စုရွေ့ကျယ်သည် သူ့အိတ်ကပ်ထဲတွင် ဆယ်ယွမ်တည်းသာကျန်ပြီး လူဆင်းရဲ‌လေးတစ်ဦးဖြစ်လာခဲ့‌လေသည်။

သက်ပြင်းချရင်း စုရွေ့ကျယ် နေရာလွတ်ထဲမှ သစ်သီး၀လံနှင့် ဟင်းသီးဟင်းရွက်အိတ်ကြီးတစ်လုံးကိုထုတ်ယူကာ ဦးလေးဝူ၏ဘာဘီကျူးဆိုင်သို့ယူလာခဲ့လေသည်။ သူ့ထံသို့ နေ့စဉ်အသီးအရွက်များပို့ပေးရန် ဦးလေးဝူနှင့်သဘောတူညီမှုတစ်ခုရထားခဲ့၏။ ပိုက်ဆံအများကြီးမရနိုင်သော်လည်း သူ့တံခါး၀ထိလာခေါက်သောပိုက်ဆံပမာဏအနည်းငယ် ကိုလည်း ဘယ်သောအခါမှ သူငြင်းပယ်လိမ့်မည်မဟုတ်ပေ။

ဝူချီ၏ဆိုင်တံခါးသို့ရောက်သည်နှင့် ဝူချီကသူ့အားမြင်သွားလေ၏။ ဝူချီသည် စုရွေ့ကျယ်၏အိတ်အားတောက်ပသောမျက်လုံးများဖြင့်ကြည့်ကာ အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

"ရှောင်ကျယ် ဦးလေးဝူကို ဟင်းသီးဟင်းရွက်*တွေလာပို့တာလား?"
"ဟုတ်ကဲ့ ဦးလေးဝူ အသီးအရွက်တွေက လတ်ဆတ် မလတ်ဆတ် ကြည့်လိုက်ပါအုံး "

"လတ်ဆတ်တာပေါ့ သေချာပေါက်လတ်ဆတ်နေမှာ "
ဝူချီပြုံးရင်း ဟင်းသီးဟင်းရွက် အိတ်ကြီးကိုယူလိုက်ပြီး အနီရောင်နှစ်ရွက်ထုတ်လိုက်ပြီး မေးလိုက်၏။

"ရှောင်ကျယ် မင်းအိမ်မှာ အသီးအရွက်နဲ့ သစ်သီး၀လံတွေ ဘယ်လောက်တောင်ရှိတာလဲ "

စုရွေ့ကျယ် သူ့မျက်လုံးများမျက်တောင်ခတ်လိုက်ပြီး ရုတ်တရက် သူ့မျက်နှာတွင် ပျော်ရွှင်မှူအားပြသလာခဲ့သည်။

"အဲ့ဒီမှာ ပေါင်တစ်ရာလောက်တော့ အမြဲရှိတယ်။ ဦးလေးဝူလိုချင်လို့လား "

"ငါ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်က အရှေ့လမ်းမှာ စားသောက်ဆိုင်အသေးလေးတစ်ခုဖွင့်ထားပြီး အဲ့ဆိုင်က မနက်ဖြန်ဖွင့်လိမ့်မယ်။ ဒီအစားအစာတွေက လတ်ဆတ်ပြီးတော့ အရသာရှိလို့ သူ့ကိုညွှန်းပေးလိုက်ချင်လို့လေ "

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now