𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》

4.2K 662 3
                                    

My Cherry Will Explode in the Apocalypse

Chapter 70《 ၀မ်ချန်းအခြေစိုက်စခန်း 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

Unicode】

အသက်ရှင်ကျန်ရစ်သူအများအပြားသည် ငိုယိုအော်ဟစ်ပြီး မိုးကြိုးစွမ်းအားအဖွဲ့ဆီသို့ ပြေးသွားခဲ့ကြကာ အကာအကွယ်ယူကြလေသည်။  သို့သော်လည်း သေနတ်သံများသည် ဖုတ်ကောင်များကိုသာ ပို၍စွဲဆောင်မိလေသည်။ သူတို့သည် အဝေးမှ ချဉ်းကပ်လာစဉ် အရိပ်များ လှုပ်ယမ်းနေသည်ကို မြင်တွေ့နိုင်လေသည် ။

တစ်စုံတစ်ယောက်သည် ဖုတ်ကောင်များကို ရှောင်ရန် သူ့ကားထဲသို့ အလျင်အမြန်၀င်ကာ တံခါးကို သော့ခတ်လိုက်ပြီး ထိုင်ခုံအောက်သို့ဝင်ရန်ကြိုးစားခဲ့၏။

မော်တော်ယဉ်တန်း၏အနီးသို့ ရောက်ရှိလာသော ဖုတ်ကောင်များသည် ၎င်းတို့၏လည်ချောင်းထဲမှ ဆာလောင်စွာအော်ဟောက်နေကြပြီး လေထဲရှိအစာအနံ့ကို ရှူရှိုက်ရင်း သူတို့၏ ကားပြတင်းပေါက်များကို အားတက်သရော ရိုက်နှက်ကာ လူများကို လိုက်ဖမ်းနေကြလေသည်။

“အား အား...”

ကားတစ်စီး၏ပြတင်းပေါက်သည် ဖုတ်ကောင်တစ်ကောင် ကွဲသွားခဲ့ပြီး အထဲရှိလူများသည် ဆွဲထုတ်ခံရကာ သူတို့၏ အသားနှင့်သွေးများကို ကိုက်ဖြတ်ခံကြရသောကြောင့် အော်ဟစ်နေခဲ့ကြသည်။

တချို့လူများသည် ဖုတ်ကောင်များထံမှ လည်ပင်းကိုအကိုက်ခံရပြီး သေဆုံးခဲ့ကြရကာ သွေးများသည် နေရာတိုင်းသို့ ပန်းထွက်လာလေ၏။ ပြင်းထန်သည့် သွေးရနံ့သည် နေရာအနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေ၏။

ကားများသည် အလွန်များနေပြီး လူများသည်လည်းအလွန်များပြားကာ ပတ်ပတ်လည်သို့ပြေးလွှားအော်ဟစ်နေကြလေ၏။ စုရွေ့ကျယ်အတွက် ချိန်ရွယ်ပြီးပစ်ခတ်ဖို့ ခက်ခဲလွန်းလေသည်။ သူတို့သည် စက်သေနတ်များနှင့် သိမ်းကျုံးပစ်ခတ်ခြင်းကြောင့် အသက်ရှင်ကျန်ရစ်သူများ ထိခိုက်မိမည်ကို စိုးရိမ်နေခဲ့ကြသည်။ သူတို့သည် မတတ်နိုင်ဘဲ အနီးကပ်တိုက်ခိုက်ဖို့ရန် ပြေးထွက်လာခဲ့ကြလေ၏။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now