𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》

4K 592 7
                                    

My Cherry Will Explode in the Apocalypse

Chapter 78《 သေခြင်းတရားကိုရှာခြင်း 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

ကျန့်ယွင်သည် ဘာမှထုတ်ဖော်မပြဘဲ ပြုံးပြီး ချန်ဖူကွေ့၏မေးခွန်းကို တိုက်ရိုက်မဖြေခဲ့ပေ၊ သို့သော် လေ၊မြင်းနှင့် ကျွဲနွားများနှင့် သက်ဆိုင်မှုမရှိသည့် အကြောင်းအရာကို မြှင့်တင်လိုက်လေ၏။

“လွန်ခဲ့တဲ့နှစ်ရက်လောက်က လေတိုက်တာကို သတိထားမိလား?”

“ဟုတ်တယ် နောက်ဆုံးတော့ ဆောင်းဦးရောက်တော့မှာမဟုတ်လား? ဟားဟား”

ချန်ဖူကွေ့သည် ပြောသင့်သည့်အရာနှင့် မပြောသင့်သည့်အရာကို သတိပြုရန် သိ၏။ ထိုအချိန်မှာပဲ သူသည် ကျန့်ယွင်နှင့် တခြားအကြောင်းအရာများကို ဆက်ပြောနေလိုက်၏။

“မဟုတ်ဘူး၊ ဆောင်းရာသီ ရောက်လာနေပြီ”

ကျန့်ယွင်သည် တည်ငြိမ်သည့်မျက်နှာနှင် ပြောလိုက်ပြီး ၎င်းသည် အမှန်တကယ် ဘာကြောင့် သူတို့ အဆင့်လေးဖုတ်ကောင်ကို ရှာတွေ့ဖို့ အလျင်လိုနေခြင်းဖြစ်၏။

ကမ္ဘာပျက်ကပ်ဖြစ်ပွားပြီးနောက် လူများသည် အပူချိန် 40 ဒီဂရီထက်ပိုသော နေ့စဥ်အချိန်တိုင်းတို ဖြတ်သန်းနေခဲ့ကြရသည်။ ညဘက်တွင်ပင် မကြာခဏ အပူချိန် 35 ဒီဂရီထက်ပိုလေသည်။ ရေရှည်တွင်အပူဒဏ်ကြောင့်  ပြင်းထန်သော မိုးခေါင်မှုနှင့် အပင်အများအပြား သေဆုံးခဲ့ရသည်။

ယခုအချိန် အပြင်ဘက်တွင် အစိမ်းရောင်များကို မြင်ရန်ခက်ခဲလေ၏။ သို့သော် ယခုရက်ပိုင်းများတွင် ရုတ်တရက် လေတိုက်လာပြီး အပူချိန်သည် အနည်းငယ်နိမ့်ကျသွားခဲ့သည်။ ထို့ကြောင့် လူများသည် နောက်ဆုံးတော့ ရာသီကူးပြောင်းလာပြီလားဟု စတင်မှန်းဆလာကြပြီး တချို့လူများသည် ရာသီဥတုသည် နောက်ဆုံး၌ အေးလာ၍ အလွန်ပျော်ရွှင်နေကြလေ၏။

သို့သော်လည်း ကျန့်ယွင် နှင့် စုရွေ့ကျယ်တို့သည်  ရောက်လာတော့မည့်ဆောင်းရာသီ၏ နိမိတ်လက္ခဏာဖြစ်သည်ကို အလွန် ရှင်းလင်းနေလေ၏။  နောက်ဆုံးဘဝတွင် ကမ္ဘာပျက်ကပ်အတွင်း ရာသီဥတုမှာ ဆောင်းရာသီနှင့်နွေရာသီ ရာသီနှစ်ခုတည်းသာရှိပြီး အလွန်ဆိုးရွားခဲ့လေသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now