𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》

7K 1.1K 19
                                    

My Cherry Will Explode in the Apocalypse

Chapter 3

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

လူအုပ်၏မျက်လုံးများသည် လူငယ်လေး၏ခြေထောက်ဆီသို့ ချက်ချင်းစုစည်းသွားကြလေပြီး သူ့ခြေသလုံးတွင် အလွန်ပြင်းထန်သောဒဏ်ရာတစ်ခုကိုသာမြင်နိုင်လေ‌သည်။ ဒဏ်ရာ၏ပုံစံကိုကြည့်လိုက်သည်နှင့် ဖုတ်ကောင်၏လက်သည်းကြောင့်ဖြစ်ခဲ့ခြင်း ဖြစ်နိုင်သည်။

"မင်းအကိုက်ခံခဲ့ရတယ်ဆိုရင် မင်းကူးစက်ခံရလိမ့်မယ်။ ငါ့မိန်းမလည်း အဲ့လိုသေခဲ့ရတာ! မကြာခင်မှာ သူက လူတွေကိုစားတဲ့ မကောင်းဆိုးဝါးဖြစ်လာလိမ့်မယ်"

သက်လတ်ပိုင်းအရွယ်အမျိုးသားသည် လူငယ်လေး၏ဒဏ်ရာအား ထိတ်လန့်စွာစိုက်ကြည့်နေလေသည်။ နောက်အခိုက်အတန့်လေးမှာပဲ ဖုတ်ကောင်တစ်ကောင်အဖြစ်ပြောင်းသွားလိမ့်မည်ဖြစ်သကဲ့သို့ပင်

" သူ့ကိုသတ်! သူ့ကိုသတ်! မဟုတ်ရင် ငါတို့အားလုံး သေလိမ့်မယ်! "

တခြားလူများသည် ၀တ်စုံပြည့်လူကို တပြိုင်တည်းကြည့်လိုက်ကြပြီး ဒီအပေါ် သူ့အမြင်ကိုမြင်အောင်ကြည့်ချင်နေကြပုံပေါ်လေသည်။

၀တ်စုံပြည့်လူ၏မျက်နှာသည်လည်း ထိုခဏ၌ ဆိုးရွားနေပုံရသည်။ သူသည် အနီးအနားတွင်နေသော အရောင်းမန်နေဂျာတစ်ဦးဖြစ်သည်။ ဗီဇပြောင်းလဲခြင်းများအကြောင်းသိသွားသောအခါ ချက်ချင်းအစားအစာစုဆောင်းရန်စိတ်ကူးနှင့်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုလူများသည် သူ့အိမ်နီးချင်းများဖြစ်ကြသည်။ စကားအနည်းငယ်ပြောပြီးနောက် သူတို့အားလုံးက သူ့နောက်သို့လိုက်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ထိုမကောင်းဆိုးဝါးတွေထဲက တစ်ကောင်နှင့်သာတွေ့ခဲ့ကြသဖြင့်ကံကောင်းခဲ့ကြပြီး သူတို့လူအရေအတွက်နှင့် အသားဆော့လုပ်ရန် အပြေးအလွှားသွားလိုက်ကြသည်။

သို့သော်လည်းယခုတော့ အသက်ရှင်နေဆဲလူတစ်ယောက်နှင့် ရင်ဆိုင်နေခဲ့ကြရပြီ အာ! ယခုချက်ချင်းတွင် တံခါးကိုမဖွင့်လိုက်လျှင် ထိုလူငယ်လေးသေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူ့မျက်လုံးများကိုမမြင်နိုင်သဖြင့် မင်းတို့အပြစ်ရှိစိတ်ခံစားရမည်မဟုတ်ချေ။ သို့သော်လည်း ယခု ထိုလူကို ကျန့်ယွင်မှကယ်တင်လိုက်ပြီး သူ့ရှေ့တွင် ထိုလူကို မည်သို့သတ်ရဲကြမည်နည်း။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now