𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》

4K 614 3
                                    

My Cherry Will Explode in the Apocalypse

Chapter 72《 သန္ဓေပြောင်းဝံပုလွေများ 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

ဟိုတယ်ပြန်ရောက်ချိန်တွင် ပျင်းရိနေသည့် ကျန့်ယွင်သည် သူ့ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး ကြမ်းပြင်ပေါ် တွင် ဒိုက်ထိုးလေ၏။ သူ့၏ သန်မာသောကြွက်သားများသည် ဖောင်းပွလာပြီး စုရွေ့ကျယ်ပင် သူ့မျက်လုံးများကို မလွှဲနိုင်တော့ချေ။ ကျန့်ယွင်သည် တစ်ဆက်တည်းနှင့် ဒိုက်ထိုး အကြိမ်တစ်ရာလုပ်ပြီးနောက် ချွေးများရွှဲလျက် ကြမ်းပြင်ပေါ်မှ ပြန်ထလာသောအခါတွင် သူ့ချစ်သူ ပေါက်စလေး၏ မိုက်မဲသောအကြည့်ကြောင့် မရယ်ဘဲမနေနိုင်တော့ချေ။

【TN : စုကျွေကျယ် ဘီလိုက်ခ် : 😃🤤】

“အရူးလေး ဘာတွေကြည့်နေတာလဲ”

ကျန့်ယွင်သည် ရယ်မောရင်း စုရွေ့ကျယ်၏နှာခေါင်းလေးကို ကုတ်လိုက်လေ၏။

ကျန့်ယွင်၏ရုပ်သွင်ပြင်သည် မလှမ်းမကမ်းမှပင် ပို၍ပး ပြီးပြည့်စုံလေ၏။ ဝမ်းဗိုက်ကြွက်သား ရှစ်ခုနှင့် သန်မာသောခါး၊ ခြေတံရှည်တစ်စုံတို့သည် ဟော်မုန်းများပေါက်ကွဲထွက်နေပြီး လေ့ကျင့်ခန်းလုပ်ပြီးနောက် သူ၏ကြွက်သားများပေါ်ရှိ ချွေးများထွက်နေသည့်ပုံသည် ဖော်မပြနိုင်လောက်အောင် အမှန်တကယ်ကို ဆက်ဆီကျလေ၏။

【TN : စုရွေ့ကျယ် & စာဖတ်သူများ : 🤤🌚👍🏿】

“မဟုတ်၊ ဘာမှမကြည့်ပါဘူး ကော၊ ခင်ဗျားရေချိုးချင်နေပြီဖြစ်ရမယ်၊ ဟုတ်တယ်မလား? စုန့်တကောကို ခင်ဗျားအတွက်ရေပေးဖို့ ကျွန်တော်သွားပြောလိုက်မယ်”

စုရွေ့ကျယ်၏မျက်နှာသည် ရုတ်တရက်လုံး၀နီရဲသွားလေ၏။ ထိုစကားများကို အလျင်စလိုပြောခဲ့ကာ အလျင်အမြန်ပင်ပြန်လှည့်ထွက်သွားလေ၏။

ကျန့်ယွင်သည် ထိတ်လန့်တကြားထွက်သွားသည့် စုရွေ့ကျယ်၏ကျောကိုကြည့်ကာ ပြုံးလျက် ခေါင်းခါလိုက်လေ၏။ အဆုံးမှာတော့ သူ့ချစ်သူ ပေါက်စလေးသည် ငယ်ရွယ်သေးသောကြောင့် သူသည် အလွန်ရှက်သည်းလွန်းနေခဲ့သည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now