𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》

3.2K 564 6
                                    

My Cherry Will Explode in the Apocalypse

Chapter 90《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် ကျန့်ကျားဟယ်၏အသံကိုကြားသောအခါ သူတို့အလွန်၀မ်းသာသွားကြလေ၏။ သုန်သုန်သည်သည် အမှန်တကယ်ပင် အဆင့် လေးဖုတ်ကောင်ကို ရှာတွေ့ခဲ့သည်။

“ဘယ်နားမှာလဲ?!”

ကျန့်ကျားဟယ်သည် အလျင်အမြန်ပင် ကျန်းယောင်ဟွားအား တောက်ပသောဓာတ်မီးတစ်လက်ကို တောင်းလိုက်၏။ သုန်သုန်၏ ညွှန်ကြားချက်အရ ဖုတ်ကောင်အုပ်စုထဲတွင် ပုန်းနေ‌သော အဆင့် လေးဖုတ်ကောင်ကို ချိန်ထိုးလိုက်လေသည်။

ထိုအဆင့်လေးဖုတ်ကောင်တွင် ခြေထောက်များမရှိသည့်အပြင် အလွန်ပိန်လှီ‌ေလေ၏။ အရိုးစုတစ်ဝက်နှင့်တူလေ၏။ ပုပ်နေသောအသားသည် ခန္ဓာကိုယ်ပေါ်တွင် တွဲလောင်းကျနေ၏။ ခြေသည်းများဖြင့် ရွေ့လျားနေကာ ၎င်း၏မျက်လုံးများသည် နီမြန်းနေသော်လည်း အနက်ရောင်အနည်းငယ်နှင့် ရောစပ်ထားလေသည်။ ၎င်းသည် အလွန်ပုပ်ပွနေပြီး လူသားတစ်ဦးနှင့်တူသည့်အရာ ဘာမှမတွေ့ရပေ။

ဖုတ်ကောင်သည် အားကောင်းသောဓာတ်မီးဖြင့် အလင်းထိုးပြခံထားရပြီး ၎င်း၏နီမြန်းသော မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားလေသည်။ ၎င်းသည် ၎င်း၏အနောက်ဘက်ရှိ ဖုတ်ကောင်အုပ်စုထဲသို့ လျင်မြန်စွာ ပုန်းအောင်းလိုက်လေ၏။ ခြေထောက်မရှိသောကြောင့် ၎င်း၏ ခန္ဓာကိုယ်မှာ အလွန်သေးငယ်‌လေသည်။ ၎င်းသည် ဖုတ်ကောင်ထောင်ပေါင်းများစွာကြားထဲတွင် ပုန်းနေသောအခါတွင် ၎င်း၏ခြေရာကို လုံး၀ရှာမတွေ့နိုင်ပေ။

ယွီသုန်သုန်သည် ဖုတ်ကောင်ပေါ်တွင် ဝိညာဉ်ရေးအမှတ်အသားတစ်ခုပြုလုပ်ထားလိုက်ပြီး ကျန့်ကျားဟယ်ကိုပြောပြီး ၎င်းအား အားကောင်းသောဓာတ်မီးဖြင့်ရှာခိုင်းသည့်အချိန်တွင် ၎င်း၏တည်နေရာကို အမြန်ရှာဖွေနိုင်သည်တောင် ၎င်းသည် အမြဲထွက်ပြေးနေလေ၏။

အဲ့ဒါကို သူတို့ ဘာလုပ်နိုင်ပါ့မလဲ?

ထိုအချိန်တွင် ဝူကျင်းသည် သူ့အနားတွင် ရပ်နေသည်ကို ရုတ်တရက်မြင်လိုက်ရ၏။ ဝူကျင်း၏ စွမ်းအားများသည် အလွန်ထူးခြားသည်။ သူမ၏ စွမ်းရည်သည် တိုက်ခိုက်မှုကိုအခြေခံခြင်းမဟုတ်သော်လည်း မမျှော်လင့်ထားသော အခန်းကဏ္ဍနေရာများစွာတွင် ပါဝင်နိုင်လေသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now