𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》

8K 1.1K 41
                                    

My Cherry Will Explode in the Apocalypse

Chapter 28

Author: Drunken Light Song
Source: Chrysanthemum Garden
Translator: オタク

Unicode

စုန့်ချန်ရှုသည် မကြာခင်မှာပဲ ပြင်းထန်သောအဖျားကြောင့် မေ့မျောသွားလေသည်။ စုရွေ့ကျယ်သည် သူ့ကိုလည်း အသီးအရွက်နှင့် သစ်သီး၀လံဖျော်ရည်တစ်ခွက်တိုက်လိုက်၏။ ထို့ကြောင့် ဖုတ်ကောင်ရောဂါပိုးကိုတိုက်ထုတ်ပြီး ဖိနှိပ်နိုင်ရန် ကူညီလိုက်သည်။

ခြောက်နာရီလောက် ကြာပြီးနောက် စုန့်ချန်ရှုနိုးလာခဲ့သည်။

“စုန့်ကော! မင်းနောက်ဆုံးတော့ နိုးလာပြီလား? အဲ့ဒါက ဘယ်လိုလဲ? အဲ့ဒါကဘယ်လိုလဲ? မင်းဘယ်လိုခံစားရလဲ?”

အနီးအနားတွင်စောင့်ကြည့်နေခဲ့သော ကျန့်ကျားဟယ်သည် စိုးရိမ်စွာမေးလာ၏။

စုန့်ချန်ရှုသည် သူ့လက်ထဲတွင် စွမ်းအားကို ခံစားမိပြီး သူ့လက်ကို မြှောက်လိုက်သည်နှင့် သူ့လက်ဖဝါးထဲတွင် ရေစီးကြောင်းတစ်ခု ပေါ်လာလေသည်။

“ဝိုးးး ရေစွမ်းရည်ပဲ!”

“အို့? ”

ကျန့်ယွင်သည် လှုပ်ရှားနေသောအသံများကိုကြားပြီး အပေါ်ထပ်မှ ဆင်းလာခဲ့သည်။

“ကောင်းတယ်, အနာဂါတ်မှာ သောက်ဖို့ရေမရှိမှာ စိုးရိမ်စရာမလိုတော့ဘူး ”

စုန့်ချန်ရှုသည် ထိုစကားများကို ကြားလိုက်ရသောအခါ အနည်းငယ် စိတ်ပျက်သွားသည်။ သူကတစ်ခုတည်းရနေချိန်မှာ အဲ့ကောင်ယွင်က မြေဆွဲအားကိုထိန်းချုပ်တဲ့နေရာမှာတော်ပြီး တိုက်ခိုက်နိုင်တဲ့ တိုက်စားခြင်းစွမ်းရည်တစ်ခုပါရှိနေရတာလဲ? သူကကော ဘယ်လိုတောင် ရေစွမ်းရည်လေးတစ်ခုတည်းနဲ့ အမှိုက်တစ်ခုဖြစ်လာနိုင်ရတာလဲလို့?

“မင်း တိုက်ခိုက်ဖို့ ရေကို မြှားတွေအဖြစ်ပြောင်းနိုင်တာလည်း ဖြစ်နိုင်မလား? ”

စုရွေ့ကျယ်သည် စကားပြောရင်း နေ့လည်စာနှင့်အတူ မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။ သူ ယခင်က ထိုရေစွမ်းရည်တစ်ခုကို တွေ့ဖူးခဲ့သည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now