My Cherry Will Explode in the Apocalypse
Chapter 82《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタクကျန်းရှို့လျန်သည် သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသော အမျိုးသမီးကို ပြန်လှည့်ကြည့်လိုက်၏။ သူမပြောသည့် “ကယ်တင်ခြင်း” ဟူသော အဓိပ္ပာယ်ကို သူမသိပေ။
ရွှီဖုန့်ယင်းအား စိုက်ကြည့်လိုက်၏။ သူမ၏နှလုံးသား ဗုံတစ်လုံးကဲ့သို့ ခုန်နေသလို ခံစားလိုက်ရလေ၏။ သူမသည် အသက်ပြင်းပြင်းရှူကာ စိတ်လျှော့လိုက်ပြီး သူမပါးပြင်ပေါ်မှ ဆံပင်များကို လက်ဆွဲဖွာရင်း အသံကို ပျော့ပျောင်းစွာဖြင့်ပြောလိုက်လေ၏။
“ ရှင့်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် ဒါမှ မဟုတ်ရင် ကျွန်မ ဒီဖုတ်ကောင်ရဲ့ပါးစပ်ထဲမှာ သေသွားနိုင်တယ်…”
ကျန်းရှို့လျန်သည် ဒီအမျိုးသမီးက ထူးဆန်းသည်ဟုတွေးနေခဲ့၏။ သူသည် ရိုးရိုးရှင်းရှင်းနဲ့ ရိုင်းစိုင်းစွာပဲ ရွှီဖုန့်ယင်းအား နှောင့်ယှက်လိုင်၏။
“ သခင်မလေး မင်းက ငါ့ကို အထင်လွဲနေတာပဲ။ ငါက ဖုတ်ကောင်ကို သတ်ချင်ရုံပဲ၊ ဒါပေမယ့် မင်းကို ကယ်တင်ဖို့ ငါမကြိုးစားခဲ့ပါဘူး။ ဒါကြောင့် မင်း ဒီအတွက် စိတ်ပူစရာမလိုဘူး။ ငါတို့မှာ တခြားလုပ်စရာရှိလို့ အရင်သွားလိုက်ဦးမယ် ”
အကြောင်းစုံပြောပြီး ယာဉ်မောင်းဘက်တံခါးကိုဖွင့်ကာ ကားပေါ်တက်ပြီး ပြန်လှည့်ကြည့်လိုက်၏။
“အာ?”
ရွှီဖုန့်ယင်းသည် ကျန်းရှို့လျန် ဒီလိုစကားမျိုးပြောဖို့ မမျှော်လင့်ထားခဲ့ချေ။ သူ သူမကိုဖယ်ထုတ်ပြီး မောင်းထွက်ပြေးချင်သည့်အချိန်၌ အံ့ဩသွားခဲ့လေ၏။
သို့သော်လည်း သူမ၏မျက်နှာပေါ်ရှိ မိုးရေစက်အနည်းငယ်၏ အေးစက်စိုစွတ်သောခံစားမှုကြောင့် မကြာမီမှာပင် သူမ ပြန်လည်သတိကပ်သွားလေ၏။ ယနေ့ရာသီဥတုသည် တကယ်ကို ထူးဆန်းနေပေ၏။ မကြာမီ မိုးသည်းထန်စွာရွာတော့မည့်ပုံရ၏။ အခြေစိုက်စခန်းသို့ ကီလိုမီတာပေါင်းများစွာ ကျန်နေသေးသည်။ သူမ၏ကားသည် ပျက်စီးသွားခဲ့ပြီးဖြစ်ကာ အကယ်၍ သူမသည် သူတို့ကားနှင့်မလိုက်ဘဲ အခြေစိုက်စခန်းကိုပြန်ဖို့ရန် သူမနည်းလမ်းပေါ်သာအားကိုးပါက မည်သို့သောအရာမျိုးများဖြစ်ပျက်သွားမလဲမသိရချေ။

VOUS LISEZ
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Roman d'amour《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီးမှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှောင်ခြင်းလား? ဘယ်ဟုတ်လိမ့်ပါ့မလဲ အဲ့ဒါက ပြန်မမွေးဖွားမီ အတိတ်ဘ၀ရဲ့အရေးအပါဆုံးသောသူကိုရှာဖွေဖို့ကြိုးစ...