𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》

3.3K 532 2
                                    

My Cherry Will Explode in the Apocalypse

Chapter 102《 လင်ချန်းအကျဉ်းထောင် 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

“အဓိပ္ပါယ်မရှိတဲ့ စကားမပြောနဲ့၊ မင်းတို့က လင်ချန်းက ထွက်ပြေးလာတဲ့ တစ်ဖွဲ့တည်းလား? ကျန်တဲ့သူတွေ ဘယ်ရောက်သွားလဲ?”

ကျန့်ယွင် အေးစက်စွာ မေးလိုက်၏။

ကျန့်ယွင်ထံမှ လည်ပင်းကို ဓားမြှောင်နှင့်  ထောက်ခံထားရသည့်လူသည် ချက်ချင်း ရိုးရိုးသားသား ပြန်ဖြေလာလေ၏။

“မဟုတ်ဘူး...မဟုတ်ဘူး... တခြားသူတွေလည်း ရှိသေးတယ်.. သူတို့က အခြေစိုက်စခန်းခေါင်းဆောင်နောက် ထောင်ထဲကိုလိုက်သွားကြတယ်”

လင်ချန်းအခြေစိုက်စခန်း၏ လောင်တသည် မူလက ထောင်မှထွက်ပြေးလာသော အကျဉ်းသားတစ်ဦးဖြစ်လေသည်။ မမျှော်လင့်ဘဲ လင်ချန်းအခြေစိုက်စခန်းပြိုကျပျက်စီးပြီးနောက် သူတို့သည် ပြန်ထွက်ပြေးခဲ့ကြလေသည်။ သို့သော်လည်း အချို့သော အတွေးတစ်ခုရှိလာခဲ့သည်။

နောက်ဆုံးမှာတော့ ထောင်သည် မြင့်မားသောအုတ်ရိုးများနှင့် သံဂိတ်တံခါးများရှိလေသည်။ ထောင်သည် အခြေစိုက်စခန်းထက် အများကြီး သေးငယ်ပြီး နေရာထိုင်ခင်းအခြေအနေသည် သိပ်မကောင်းသော်လည်း နောက်ဆုံး၌ ပုံ၍လုံခြုံပေသည်။

“ဒါဆို မင်းတို့က ဘာလို့မလိုက်သွားတာလဲ?”

ကျန့်ယွင် မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ငါတို့...ငါတို့...”

ထိုလူသည် တုန်လှုပ်သွားလေ၏။

“ပြောစမ်း!”

ကျန့်ယွင်သည် စိတ်မရှည်တော့‌ချေ။ အနည်းငယ် အားစိုက်ထုတ်လိုက်သည်နှင့် ဓားမြှောင်သည် ထိုလူ၏လည်ပင်းတွင် လှီးဖြတ်မိတာ သွေးထွက်လာ‌လေသည် ။

“အို့! အို့! ငါပြောပါ့မယ်! ငါပြောပါ့မယ်!”

ထိုလူသည် နာကျင်စွာ အသက်ရှူထုတ်လိုက်ပြီး ဇာတ်လမ်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြလာခဲ့လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က လင်ချန်းအခြေစိုက်စခန်းသည် ရုတ်တရက် ဖုတ်ကောင်များ ဝိုင်းရံထားခြင်းခံခဲ့ရလေသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now