My Cherry Will Explode in the Apocalypse
Chapter 76《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタクကျန့်ယွင်နှင့်စုရွေ့ကျယ်တို့၏အကူအညီဖြင့် သန္ဓေပြောင်းကြွက်များဝင်ရောက်ခြင်းပြဿနာကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့၏။ သန္ဓေပြောင်းကြွက်များအားလုံး သေဆုံးခဲ့၏။ ဗုံးမှန်ခဲ့သော ကြွက်များကို အခြားကြွက်များက စားသောက်ခဲ့သည့်အပြင် ကျန်သည့်ကြွက်သေများမှာ ရာဂဏန်းလောက်ရှိသေးပြီး အနည်းဆုံး ဂျင်းတစ်ရာနီးပါးလောက်ရှိ၏။
ထိုသတင်းကောင်းကိုကြားပြီး ကျန်းရွှီကျိုးသည် နောက်ဆုံး၌ အချိန်အတော်ကြာအောင်ရှိနေခဲ့သည့် သူ့မျက်နှာပေါ်ရှိမျက်မှောင်ကြုတ်ခြင်းကို ဖျောက်လိုက်နိုင်ပြီး ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့ကို ကျေးဇူးတင်ကြောင်းပြောရန် အလျင်စလိုသွားလေ၏။ သူတို့သည် စစ်သားများကို ကြွက်သေများကိုကောက်ယူပြီး အသားဟင်းလျာများချက်ပြုတ်ဖို့ ကန်တင်းသို့ပို့ပေးဖို့ရန် တောင်းဆိုလိုက်၏။ သူတို့သည် အသားဖြင့် ရက်ပေါင်းများစွာ ကြိုးကြိုးစားစားလုပ်ကိုင်ခဲ့ကြသော စစ်သည်များနှင့် မကြောက်မရွံ့ကူညီခဲ့ကြသူများကို ချီးမြှင့်ခဲ့သည်။
ကြွက်သားဖြစ်သော်ငြားလည်း သန္ဓေပြောင်းတိရစ္ဆာန်များဖြစ်၏။ မည်သည့် သန္ဓေပြောင်းတိရစ္ဆာန်၏အသားမဆို အလွန်အရသာရှိ၏။ သန့်စင်ပြီးပါက အခြားအရာများနည်းတူ ကောင်း၏။ ယခုအချိန်တွင် အခြေစိုက်စခန်းတွင်ရှိသောအစားအစာကို ကြွက်များက လုယူခဲ့ကြသည်ကိုမဆိုထားနှင့် ကမ္ဘာပျက်ကပ်မတိုင်မီတုန်းကနှင့်မတူဘဲ ဇီဇာကြောင် ရွေးချယ်ပြောဆိုပိုင်ခွင့်မရှိချေ။ စားနပ်ရိက္ခာအရှားပါးဆုံးသော အချိန်ကာလတွင် ဆင်းရဲဒုက္ခများစွာရရှိစေခဲ့သော ထိုကြွက်များ၏အသားကို အလဟဿမဖြုန်းတီးနိုင်ချေ!
အလုပ်မှတ်နှစ်ခုနှင့် မွှေးကြိုင်သောအာလူးနှင့် ကြွက်သားပြုတ်ကို ထမင်းဖြူဖြင့်ရရနိုင်ပြီး အခြေစိုက်စခန်းရှိ အသက်ရှင်ကျန်ရစ်သူအားလုံးကို ပြုံးရွှင်သွားစေ၏။ လူတိုင်းသည် အလွန်ပျော်ရွှင်နေကြ၏။ တစ်ဖက်တွင် အနည်းဆုံးတော့ အသားစားရခြင်း၏ပျော်ရွှင်ခြင်းပင်ဖြစ်၏။ တစ်ဖက်မှာတော့ လူများနှင့် သိုလှောင်ခန်းများကို ထိခိုက်နာကျင်စေမည့် ကြွက်ကြီးတစ်ကောင် ရုတ်တရက်ထွက်လာမည့်အကြောင်းကို စိတ်ပူစရာမလိုတော့သည့်အတွက် ပျော်ရွှင်ခြင်းဖြစ်လေ၏။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီးမှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှောင်ခြင်းလား? ဘယ်ဟုတ်လိမ့်ပါ့မလဲ အဲ့ဒါက ပြန်မမွေးဖွားမီ အတိတ်ဘ၀ရဲ့အရေးအပါဆုံးသောသူကိုရှာဖွေဖို့ကြိုးစ...