My Cherry Will Explode in the Apocalypse
Chapter 110《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
Author: Drunken Light Song
Source: Jostena M
Translator: オタクဟင်းလျာများသည် ကျန့်ယွင်တို့အဖွဲ့ စားသောက်နေကျဟင်းပွဲများလောက် မကောင်းသော်လည်း သူတို့သည် ဇီဇာမကြောင်ကြချေ။ မစ္စတာရှဲ့နှင့် ဒါရိုက်တာပိုင်တို့နှင့် ထမင်းစားပြီး စကားပြောခဲ့ကြသည်။
ချန်းချီ နှင့်ချန်းကျောင်းတို့သည် ချန်းမိသားစုမှ ကလေးများဖြစ်ကြောင်း ဒါရိုက်တာပိုင်ပြောသည်ကိုကြားပြီးနောက် မစ္စတရှဲ့၏မျက်နှာသည် ပိုပို၍ ဖော်ရွေလာလေသည်။
“လူငယ်လေးတို့ အိမ်ပြန်ပြီး သူ့ကိုတွေ့ချင်ကြလား? လောင်ချန်းက အသက်ကြီးလာပြီ။ ဒီဆောင်းရာသီမှာ သူ အများကြီးဒုက္ခရောက်မှာ ငါ စိုးရိမ်မိတယ်”
ချန်းချီနှင့် ချန်းကျောင်းတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
ညစာစားပြီးနောက် ဒါရိုက်တာပိုင်သည် သူတို့အတွက် နေရာထိုင်ခင်းစီစဉ်ပေးရန် လူတချို့ကိုပြောလိုက်၏။ မြို့တော်အခြေစိုက်စခန်းရှိ အိမ်များအားလုံးကို မြေကြီး၊သစ်သားနှင့်သတ္တုစွမ်းရည် စွမ်းအားရှင်များ၊ အကောင်းဆုံးနှင့်ထိပ်တန်းပါရမီရှင်များနှင့် နေရာပေါင်းစုံမှ အသက်ရှင်ကျန်ရစ်သူ အများအပြားမှ ကမ္ဘာပျက်ကပ်အတွင်း၌ တည်ဆောက်ခဲ့ခြင်းဖြစ်လေသည်။ အိမ်တချို့ကို ဖြိုဖျက်ပြီး ပြန်တည်ဆောက်ဖို့ မခက်ခဲပါချေ။
ဒါရိုက်တာပိုင် သူတို့အတွက် စီစဉ်ပေးသည့်အိမ်သည် အသစ်ဆောက်ထားခြင်းဖြစ်သော်လည်း ဘယ်သူမှ မနေရသေးချေ။
အဆောက်အဦးတစ်ခုလုံး၏ အစီအစဉ်မှာ သူတို့အတွက်ဖြစ်လေသည်။ ဒါရိုက်တာပိုင်သည် သူတို့လုံခြုံရေးကို ကာကွယ်ရန်အတွက် စစ်သားအချို့ကို စီစဉ်ပေးလိုသော်လည်း သူတို့သည် ယဉ်ကျေးစွာငြင်းဆိုလိုက်သည်။ သူတို့တွင် စွမ်းရည်မရှိပါက မြို့တော်သို့ ရိက္ခာပစ္စည်းများပို့ပေးဖို့ လူအနည်းငယ်ကိုသာအားကိုးပြီး လာရောက်မည်မဟုတ်ပေ။ ထို့ကြောင့် ဒါရိုက်တာပိုင်သည်အရှုံးပေးလိုက်ပြီး လိုအပ်သည့်အခါ တစ်စုံတစ်ယောက်ကို ရှာနိုင်ရန် ယန်ဖန်ကိုသာထားခဲ့ပြီး ထွက်သွားခဲ့လေသည်။

VOUS LISEZ
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Roman d'amour《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီးမှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှောင်ခြင်းလား? ဘယ်ဟုတ်လိမ့်ပါ့မလဲ အဲ့ဒါက ပြန်မမွေးဖွားမီ အတိတ်ဘ၀ရဲ့အရေးအပါဆုံးသောသူကိုရှာဖွေဖို့ကြိုးစ...