𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》

3.1K 540 7
                                    

My Cherry Will Explode in the Apocalypse

Chapter 89《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

သံမဏိဂိတ်တံခါးကြီးကို နောက်ဆုံး၌ပိတ်လိုက်ပြီး 50 စင်တီမီတာအထူရှိသည့် သံမဏိတုံးကို ၎င်းထဲသို့ ကလန့်ထိုးထည့်လိုက်သည်နှင့် လူတိုင်းစိတ်သက်သာရာရသွားကြလေသည်။

“မင်းတို့က ဘယ်သူတွေလဲ?”

အနောက်မြောက်အခြေစိုက်စခန်းမှ စစ်သားများသည် ကျန့်ယွင်နှင့် သူ့အဖွဲ့၀င်များ၏ မူလဇာစ်မြစ်ကို မေးမြန်းကြလေသည်။

“ငါတို့က တောင်ပိုင်းအခြေစိုက်စခန်းက။ မင်းတို့ ခေါင်းဆောင်တွေနဲ့ အရေးတကြီး ဆွေးနွေးစရာရှိတယ်။ မင်းတို့အခြေစိုက်စခန်းရဲ့ ခေါင်းဆောင်တွေ ကဘယ်မှာလဲ? ”

သဘာ၀အတိုင်း အနောက်မြောက်အခြေစိုက်စခန်းမှ လူများသည် ဖြေဆေးနှင့်စွမ်းရည်‌ဆေးများကို တီထွင်ထုတ်လုပ်ထားသည့် တောင်ပိုင်းအခြေစိုက်စခန်း၏ဂုဏ်သတင်းကို သိရှိကြပြီးဖြစ်လေ၏။ ထို့အပြင် ခေါင်းဆောင်သည် အကူအညီတောင်းခံရန်  အတွက် တောင်ပိုင်းအခြေစိုက်စခန်းသို့ အဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့သော်လည်း တောင်ပိုင်းအခြေစိုက်စခန်းမှ ဤကဲ့သို့သော လူအနည်းစုသာပါသည့် အဖွဲ့ငယ်လေးတစ်ခုနှင့် ၎င်းအပြင် အဖွဲ့ထဲတွင် အမျိုးသမီးနှင့် ကလေးများလည်းပါနေသေးသည်ကို စေလွှတ်လိုက်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

သို့သော်လည်း သူတို့သည် တောင်ပိုင်းအခြေစိုက်စခန်းမှ ဖြစ်နေသောကြောင့် သူတို့လျစ်လျူမရှုသင့်ပေ။ စစ်သားက

“ကျေးဇူးပြု၍ ငါ့နောက်ကို လိုက်ခဲ့ပါ”

ကျန့်ယွင်သည် စစ်သားနှင့် နံရံပေါ်သို့ လိုက်တက်သွားစဉ်တွင် အခြားသူများကို နေရာတွင် စောင့်ဆိုင်းစေခဲ့သည်။

မြို့တံတိုင်းအထက်၌ ကျန့်ယွင်သည် ဂိတ်တံခါးဖွင့်ပေးရန် အမိန့်ပေးခဲ့သည့် သက်လတ်ပိုင်းအရာရှိကို တွေ့ဆုံခဲ့၏။ သူ့အမည်မှာ ကျန်းယောင်ဟွားဖြစ်ကာ လက်ရှိတွင် သူသည် အနောက်မြောက်အခြေစိုက်စခန်း၏ အမြင့်ဆုံးတပ်မှူးဖြစ်လေသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now