My Cherry Will Explode in the Apocalypse
Chapter 100《 Snow Cruiser 》
Author: Drunken Light Song
Source: Jostena M
Translator: オタクနေရာ၏လုံခြုံရေးကို အတည်ပြုပြီးနောက် နှင်းခရူဇာကို စက်ရုံတစ်ဝိုက်သို့သွားကာရှာဖွေရန်အတွက် လူစုခွဲရန် စီစဉ်ထားခဲ့ကြသည်။ သူတို့ရှေ့သို့ဆက်သွားကြရုံသာရှိသေးစဉ် ကြီးမားသော ကားကြီးတစ်စီးကြောင့် အံ့သြသွားကြလေသည်။
ဧရာမကားကြီးသည် အဖြူရောင်နှင့် နှစ်မီတာခန့် မြင့်ပြီး၊ အနည်းဆုံး ကားသုံးစီးလောက်ရှည်ကာ သာမန်ကားထက် 1.5 ဆ ကျယ်ဝန်းလေသည်။ ၎င်းသည် ကြီးမားသောတာယာများပါရှိပြီး မျက်နှာပြင်ပေါ်တွင် လမ်းချော်ခြင်းကိုကာကွယ်ထားပြီး လမ်းကြောင်းများစွာကို လှည့်ပတ်နိုင်လေသည်။
“ဒါက နှင်းခရူဇာ မဟုတ်လား?”
ကျန့်ကျားဟယ် အံ့သြစွာ မေးလိုက်သည်။
အမှန်ပင် နည်းပညာရှင်တစ်ယောက်ဖြစ်သည့်ဟန်လဲ့သည် စကားပြောပိုင်ခွင့်အရှိဆုံးဖြစ်သည်။ သူသည် သူ့ကျောပိုးအိတ်ထဲမှ ဓာတ်ပုံတစ်ပုံကို ဂရုတစိုက်ထုတ်ကာ နှိုင်းယှဥ်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။
“ဒါငါတို့ရှာနေတဲ့ကားပဲ“
ဤနှင်းခရူဇာသည် Mနိုင်ငံ မှပေးပို့သော အန္တာတိကသို့စေလွှတ်သောလေ့လာရေးခရီးတွင်အသုံးပြုခဲ့သည့် 1940ခုနှစ် နှောင်းပိုင်းမော်ဒယ်ကိုအခြေခံထားသော်လည်း ဤဗားရှင်းကိုမွမ်းမံထားခဲ့လေသည်။
မူလ အန္တာတိကနှင်းခရူဇာသည် ငါးမီတာအမြင့်၊ ခြောက်မီတာအနံ၊ ဆယ့်ခုနစ်မီတာရှည်လျားပြီး အလေးချိန် 3.4တန်ခန့်ရှိပြီး အမိုးပေါ်တွင်လောင်စာဆီတိုင်ကီတစ်ခု နှင့် လေယာဉ်ပျံဆင်းသက်ရန် နေရာတစ်ခုနှင့်ဖြစ်လေသည်။ ၎င်းသည် ထိုခေတ်၏ ကြီးမားသောတီထွင်မှုကြီးတစ်ခု ဖြစ်ခဲ့သည်။
ထိုအချိန်တွင် Mနိုင်ငံ၏ လေ့လာရေးအဖွဲ့သည် ဘေးကင်းရေး၊ နွေးထွေးမှုနှင့် သက်တောင့်သက်သာရှိသော လုပ်ဆောင်ချက်များကိုသာထည့်စဉ်းစားခဲ့ကြပြီး မူရင်းနှင်းခရူဇာကို ကြီးမားပြီး လှပစေရန် ဒီဇိုင်းထုတ်ခဲ့ကြသော်လည်း ၎င်း၏ ကြီးမားသောအရွယ်အစားနှင့် အလေးချိန်ကြောင့် အန္တာတိကတွင် ကြုံတွေ့ရနိုင်သည့် အဆင်မပြေမှုများကို လျစ်လျူရှုခဲ့ကြလေသည်။ ရလဒ်အနေဖြင့် M နိုင်ငံ၏ စူးစမ်းလေ့လာရေးအဖွဲ့သည် နှင်းထူထပ်စွာ ပိတ်မိနေသောကြောင့် နှင်းခရူဇာကြီးကို အန္တာတိကတွင် စွန့်ပစ်ထားခဲ့ကြလေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီးမှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှောင်ခြင်းလား? ဘယ်ဟုတ်လိမ့်ပါ့မလဲ အဲ့ဒါက ပြန်မမွေးဖွားမီ အတိတ်ဘ၀ရဲ့အရေးအပါဆုံးသောသူကိုရှာဖွေဖို့ကြိုးစ...