My Cherry Will Explode in the ApocalypseChapter 11
Author: Drunken Light Song
Source: Jostena M
Translator: オタク【Unicode】
စုရွေ့ကျယ်သည် နေ့လည်စာအတွက် ကြက်စွတ်ပြုတ်အား ဟင်းချက်နည်းလမ်းညွှန်အတိုင်းချက်ပြုတ်လိုက်၏။ အဘယ့်ကြောင့်ဆိုသော် သူ့ပထမဆုံးအကြိမ် ချက်ပြုတ်ခြင်းဖြစ်၍ အလယ်နားလောက်ရောက်သောအခါ ကြက်သား၏နူးနပ်မှုကို တူများဖြင့် မြည်းလိုက်ကာ စွတ်ပြုတ်ရည်၏အရသာကို ဇွန်းတစ်ချောင်းဖြင့်မြည်းကြည့်လိုက်၏။ စွတ်ပြုတ်ကျက်ခါနီးချိန်တွင် လှီးထားသောမှိုများအား ကြက်စွတ်ပြုတ်ထဲသို့ထည့်လိုက်၏။ ထိုလတ်ဆတ်သောမှိုများသည် သူနေရာလွတ်ထဲမှ ထုတ်ယူထားခြင်းဖြစ်ကာ ထိုအရာများသည် ကြက်စွတ်ပြုတ်အား သေချာပေါက်ပို၍အရသာရှိလာစေလိမ့်မည်။ ကြက်စွတ်ပြုတ်အပြင် ကြက်တောင်ပံကြော်တစ်ခွက်နှင့် သခွားသီးကြက်ဥမွှေကြော်ကို ပြုလုပ်လိုက်သည်။
သူ့အစားအသောက်များနှင့် အခန်းထဲသို့၀င်လာသောအခါ ကျန့်ယွင်သည်ပြုံးကာ သူ့အားပြောလာ၏။
“ဘာတွေချက်လာတာလဲ? ငါအဝေးကြီးကနေ ဟင်းအမွှေးနံ့တွေကို အနံ့ခံနိုင်တယ်”
“ကြက်စွတ်ပြုတ်ပါ ”
စုရွေ့ကျယ် နူးနူးညံ့ညံ့ပြုံးလိုက်ပြီး ပါးချိုင့်နှစ်ဖက်စလုံးကိုထုတ်ဖော်ပြလိုက်ကာ ထို့နောက် ဟင်းပွဲများကို စားပွဲပေါ်သို့ တစ်ခုပြီးတစ်ခုချလိုက်၏။
သူတို့သည် စားပွဲနားတွင် အတူတကွစားသောက်ခဲ့ကြသည်။ ကြက်စွတ်ပြုတ်သည် အရသာရှိကာ သည်။ ကြက်စွတ်ပြုတ်သည် အနံ့အရသာအပြည့်ရှိကာ နူးညံ့သောမှိုများကိုထပ်ထည့်ထားခြင်းဖြင့် အရသာအားပိုကောင်းလာစေသည်။ ကြက်တောင်ပံကြော်နှင့် သခွားသီးကြက်ဥမွှေကြော်သည်လည်း အလွန်အရသာကောင်းမွန်လေသည်။ အရိုးရှင်းဆုံးဟင်းပွဲများဖြစ်သော်လည်း ကျန့်ယွင်အား အစားစားချင်စိတ်ကြီးတစ်ခုပေါ်လာစေသည်။ သူသည် ထမင်းနှစ်ပန်းကန်တောင်စားခဲ့ပြီး ကြက်စွတ်ပြုတ်လား လက်စသတ်လိုက်လေသည်။

YOU ARE READING
My Cherry Will Explode in the Apocalypse 《Myanmar Translation》
Romance《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီးမှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှောင်ခြင်းလား? ဘယ်ဟုတ်လိမ့်ပါ့မလဲ အဲ့ဒါက ပြန်မမွေးဖွားမီ အတိတ်ဘ၀ရဲ့အရေးအပါဆုံးသောသူကိုရှာဖွေဖို့ကြိုးစ...