Chapter-1

7.5K 241 58
                                    

Unicode

(ဇာတ်ကောင်နှစ်ဦး၏မွေးနေ့သက္ကရာဇ်များပြောင်းလဲထားပါသည်။အချိန်နောက်ဆုတ်ထားခြင်းများလည်းပါဝင်ပါသည်။သဘာဝလွန်ဖြစ်ရပ်များလည်း ပါဝင်ပါသည်။ ဒီဇာတ်လမ်းတစ်ခုလုံးသည်စာရေးသူ၏စိတ်ကူးယဥ်သက်သက်မျှသာဖြစ်ပြီး မည်သည့် idols & artists ကိုမှ ထိခိုက်လိုစိတ်မရှိပါ။)

............................................................................

June 25,2018.
အချိန်အားဖြင့် 2:45 Am.

​မှောင်ပြပြအခန်းငယ်အတွင်း ညအိပ်မီးအလင်းရောင်သာရှိသည်။ကုတင်ထပ်မှကောင်လေးရဲ့အသက်ရှူသံဟာအသံလုံအခန်းအတွင်းတော့ ကျယ်လောင်စွာအတိုင်းသားကြားနေရသည်။ စုန်ချည်ဆန်ချည်ဖြစ်နေသည့်ရင်ဘတ်အစုံနဲ့ မျက်နှာထပ်ချွေးသီးချွေးပေါက်တို့လည်းကျနေသည်။နှုတ်မှလဲ

''တောင်းပန်ပါတယ် ကင်မ်''

''မှားခဲ့ပါတယ်'' ဆိုသောစကားတို့ကိုတစ်ရက်ဆက်ရွတ်နေသည်။

''ကင်မ်!!!''
ကျယ်လောင်စွာအော်သံနှင့်အတူ အိပ်ယာထပ်မှ လူဟာထထိုင်လိုက်သည်။

''ဒီအိပ်မက်ပဲ မက်ပြန်တာကိုး''

ဘေးစားပွဲပေါ်ကနာရီကိုကြည့်မိတော့ မနက်၂နာရီ၄၅မိနစ် ။

''အချိန်မှန်ပါပဲလား''

သက်ပြင်းကိုချရင်း ကုတင်ပေါ်မှဆင်းကာ ရေကိုခွက်ထဲထည့်ခြင်းမရှိပဲ ဘူးလိုက်သာမော့ချပြီး တစ်ဘူးလုံးနီးပါး သောက်လိုက်သည်။

ထို့နောက် စာကြည့်စားပွဲဟုထင်ရသည့် ပြတင်းပေါက်နှင့်ကပ်ရက်ထားသည့် စားပွဲအနားကိုသွားကာ ပြတင်းတံခါးကိုဖွင့်သည်။ လိုက်ကာတွေပါဘေးကပ်လိုက်ပြီး အပြင်ဘက်ဆီမှ လေနုအေးအေးကို မျက်စိစုံမှိတ်ကာခံယူသည်။ အတော်ကြာမှ ထိုင်ခုံမှာထိုင်လိုက်ပြီး စာကြည့်မီးအိမ်ကိုဖွင့်သည်။

အောက်အံ့ဆွဲကိုဖွင့်ပြီး အညိုရောင်ရာဘာသားဖြင့်ဖုံးအုပ်ထားသည့်စာအုပ်တစ်အုပ်ကိုထုတ်သည်။

အလယ်တည့်တည့်ကိုဖွင့်လိုက်တော့ ထွက်ကျလာသည့်ပန်းခြောက်လေးတစ်ခု မည်မျှပင်ကြာနေပြီမသိ အဝါရောင်ရှိသည့်စာရွက်ပေါ်တွင်တောင် ညိုညစ်ညစ်အရောင်တချို့ပေါ်နေလေပြီ။

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now