Chapter-15

1.3K 110 44
                                    

Unicode

ဂျောင်ဂုမြင်တွေ့ရသည့်ကင်မ်ဆိုသည့်ဝိညာဥ်၏မျက်နှာအားအသေအချာကြည့်မိသည်။

သူမြတ်နိုးရာကင်မ့်ရဲ့မျက်ဝန်းအောက်မှာမှဲ့နက်လေးတစ်ခုရှိပြီး နှာခေါင်းထိပ်မှာလဲမှဲ့ရှိသည်။ အခုဝိညာဥ်ဖြစ်နေသည့်ဆိုသည့်ကင်မ်မှာတော့ထိုအရာတွေဟာရှိမနေ။ဤသည်ကြောင့် ထိုဝိညာဥ်ဟာဂျွန့်ရဲ့ကင်မ်မဟုတ်ကြောင်းသိရသည်။

တစ်ဆက်တည်းမှာပဲသူဟာဘယ်လိုလူမှန်းပါသိနေသည့်ဂျောင်ဂုကတော့အရင်ဆက်ဆံဖူးခဲ့သလိုသာထိုဝိညာဥ်အပေါ်ဆက်ဆံမိသည်။

ထိုဝိညာဥ်ထွက်သွားသည့်တိုင်ဂျောင်ဂုတွေဝေနေမိသည်။အခုကျွန်တော်တိူ့ကြားဘာတွေဖြစ်ပျက်အုံးမှာလဲ...။

''အားးး!!''

ထယ်ယောင်းအခန်းမှထွက်ပေါ်လာသည့်အသံကြောင့်ထယ်ယွန်းနဲ့ဂျောင်ဂုတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။တစ်ပြိုင်နက်ထဲမှာပင်

''မ​ဖြစ်ဘူး!''ဆိုကာထယ်ယောင်းအခန်းကိုအပြင်မှဖွင့်ဖို့ကြိုးစားရတော့သည်။

''ထယ်ယောင်း!! အဆင်ပြေရဲ့လား''

''ကင်မ်ငယ်!!''

ဂျောင်ဂုနှင့်ထယ်ယွန်းတံခါးကိုထုရိုက်ကြရင်းမေးမိတော့ ခုနအော်သံအပြင်ဘာသံမှထွက်မလာတော့

''တစ်ခုခုဖြစ်နေပြီထင်တယ် ဒီအိုးထဲမှာသော့ရှိတယ်ရှင်ဖွင့်ထားနှင့်''

ထယ်ယွန်းကသူအခန်းထဲပြေးဝင်သွားသည်။ဂျောင်ဂုကတော့တံခါးကိုဖွင့်ဖို့အတွက်ထယ်ယွန်းပြောခဲ့သည့်အိုးထဲကသော့တံများနှင့်တံခါးဖွင့်ဖို့ကြိုးစားနေတော့သည်။

ချောက်!

မကြာလိုက်ပါအခန်းတံခါးပွင့်သွားသည်နှင့်ထယ်ယွန်းလဲရောက်လာလေပြီ လက်ထဲမှာလဲအပ်ချည်လိုကြိုးဖြူတွေဟာအများအပြား ရှုံ့အိတ်လေးတစ်ခုကိုလဲလက်ကောက်ဝတ်မှာလွယ်ထားသေးသည်။

တံခါးဖွင့်ဖွင့်ချင်းမြင်တွေ့လိုက်ရသည်ကတော့

''ကင်မ်!!ငါ့မောင်ကိုအခုချက်ချင်းလွှတ်လိုက်စမ်း''

𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)Where stories live. Discover now